သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ကန် ဒဏ်ခတ်ပိတ်ဆို့မှု တိုးချ


ရုရှား Kremlin နန်းတော်
ရုရှား Kremlin နန်းတော်

ပြီးခဲ့တဲ့ မတ်လတုန်းက ဗြိတိန်နိုင်ငံမှာရှိတဲ့ ရုရှားသူလျှိုဟောင်း တဦးနဲ့ သမီးဖြစ်သူတို့ကို အဆိပ်ခတ်ခဲ့တဲ့အတွက် ရုရှားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ ရုရှားဟာ သူတို့လူမျိုးချင်း သေစေလောက်တဲ့ အာရုံကြော အဆိပ်ခတ်ခဲ့တာဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ရုရှားသလျှိုဟောင်း Sergei Skripal နဲ့ သမီး Yulia တို့နှစ်ဦး ဗြိတိန်နိုင်ငံ Salisbury မြို့က ခုံတမ်းတခုပေါ်မှာ သတိလစ်နေတာကို ရဲအရာရှိနှစ်ဦး က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဆိုဗီယက်ခေတ်တုန်းက သုံးခဲ့တဲ့ အာရုံကြောအဆိပ် Novichok သင့်ခဲ့တာဖြစ်ပြီး ဆေးရုံမှာ ရက်သတင်းပတ်အတန်ကြာ တက်ရောက်ကုသခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်တဲ့ ဒီဒဏ်ခတ်အရေးယူမှုဟာ သြဂုတ်လ (၂၂) ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး အီလက်ထရောနစ် ပစ္စည်းတွေလို အမျိုးသားလုံခြုံရေးဆိုင်ရာ ပစ္စည်းတင်ပို့မှုနဲ့ ပတ်သက်နေတာဖြစ်ပါတယ်။

ရုရှားတို့အနေနဲ့ ဓါတုနဲ့ ဇီဝလက်နက်တွေကို မသုံးတော့ဘူးလို့ ရက် (၉၀) အတွင်း အခိုင်အမာ မပြသ နိုင်ရင် ပိုမို ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရ နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး အရာရှိတဦးက ဆိုပါတယ်။ အခုလို ဒဏ်ခတ်မှုကို ဗြိတိန်နို်င်ငံက ကြိုဆိုလိုက်ပြီး ရုရှား ဘက်ကတော့ တစုံတရာ တုန့်ပြန်ခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG