သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး အမေရိကန် ဒေါ်လာ သန်း ၆၀ ကူမည်


Cox's Bazar ဒေသ၊ Unchiprang ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာမူဆလင်တွေ ရေသယ်ယူနေစဉ်။ (နိုဝင်ဘာ ၁၆၊ ၂၀၁၈)
Cox's Bazar ဒေသ၊ Unchiprang ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာမူဆလင်တွေ ရေသယ်ယူနေစဉ်။ (နိုဝင်ဘာ ၁၆၊ ၂၀၁၈)

အမေရိကန်ဟာ ၂၀၁၉ ခုနှစ် Bangladesh ဆိုင်ရာ ကုလသမဂ္ဂ တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲ အစီအစဉ်အရ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀ ကို လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုမှာကူညီမယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က Switzerland နိုင်ငံ Geneva မြို့ကနေ ကြေညာခဲ့ပါတယ်။ ဒီ ငွေကြေးထောက်ပံ့မှု ဟာ မြန်မာနိုင်ငံကနေ အစုလိုက် အပြုံလိုက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူဆလင် အမျိုးသမီးတွေနဲ့ ကလေးအများစု အပါ အဝင် Bangladeshမှာ ရှိတဲ့ ဒုက္ခသည်ပေါင်း ၉၀၀,၀၀၀ ကျော် ရဲ့ အရေးပေါ် လိုအပ် ချက်တွေ နဲ့ အိမ်ရှင် Bangladesh အဖွဲ့အစည်းတွေရဲ့ သက်ဆိုင်ရာလိုအပ်ချက်တွေမှာ ကူညီသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင်တွေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့များ က အကြမ်းဖက်မှုများစတင်ခဲ့တဲ့ အတွက်ကြောင့် Bangladesh မှာ ရိုဟင်ဂျာ မူဆလင်တွေ အပါအဝင် ၂၀၁၇ ခုနှစ်ကတည်းက ဒုက္ခသည်တွေလက်ခံခဲ့တာပါ။

အမေရိကန်ဟာသြဂုတ်လ ၂၀၁၇ ခုနှစ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ကတည်းက အမေရိကန် ဒေါ်လာ ၄၄၉ သန်း နီးပါးကို ထောက်ပံံ့ခဲ့ပြီး မြန်မာနဲ့ Bangladesh အကြား အကျပ်အတည်းတွေမှာလူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေကို အဓိက ထောက်ပံ့နေတဲ့ နိုင်ငံအဖြစ် ဦးဆောင်နေသလို တခြားနိုင်ငံတွေကိုလည်း ဒီလူသားချင်း စာနာမှု အကူအညီတွေကို တိုက်တွန်းထားပါတယ်။

အတင်းအကြပ် ရွှေ့ပြောင်းခံခဲ့ရတဲ့ သူတွေ လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ ခွင့်ပြုပေးတဲ့အခြေအနေများကို ဖန်တီးပေးဖို့ မြန်မာနိုင်ငံကို ဆက်လက် တောင်းဆိုတယ်လို့လည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာအရေး အမေရိကန် ဒေါ်လာ သန်း ၆၀ ကူမည်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG