အမေရိကန်နိုင်ငံမှာ ပြင်းထန်တဲ့ လေဆင်နှာမောင်း Tornadoes တိုက်ခတ်ခဲ့တာကြောင့် လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ အမေရိကန်နိုင်ငံက အင်ဒီးယားနားပြည်နယ်မှာ ၁၃ ဦး၊ ကန်တာကီ ပြည်နယ်မှာ ၁၂ ဦးနဲ့ အိုဟိုင်းယိုး ပြည်နယ်မှာ ၁၂ ဦးနဲ့ စုစုပေါင်း အနည်းဆုံး ၂၇ ဦး သေဆုံးသွားခဲ့ရပြီး ဖြစ်ပါတယ်။
ဒီလေဆင်နှာမောင်းဒဏ်ကြောင့် အင်ဒီးယားနား ပြည်နယ်က ဟင်နရီဗေးစ် မြို့မှာ အဆောက်အဦးတွေ ပြိုကျပြီး ပြားချပ်သွားပါတယ်။ မော်တော်ယာဉ်တွေလည်း ပျက်စီးသွားပြီး ဘက်စ်ကားတွေကလည်း အိမ်တွေ ဆိုင်တွေကို ဝင်တိုက်ပြီး ပျက်စီးကုန်ပါတယ်။ ဒါ့အပြင် ဒီပြည်နယ်က မယ်ရီဗေးစ် က အရာရှိတွေကလည်း သူတို့မြို့တမြို့လုံး ဆုံးရှုံးပျက်စီးကုန်ပြီလို့ ဆိုလိုက်ပါတယ်။
ကန်တက်ကီ ပြည်နယ်က လူးဝစ်ဗေးလ် မှာလည်း မနေ့ညပိုင်းက လေဆင်နှာမောင်း ဝင်တိုက်တာကြောင့် အပျက်အစီးတွေ ကြီးကြီးမားမား ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတောင်ပိုင်း အယ်လာဘားမား ပြည်နယ်မှာတော့ မနေ့စောစောပိုင်း ကတည်းက မုန်တိုင်းဝင်ခဲ့ပေမဲ့ ဒေသခံတချို့ ဒဏ်ရာ ရခဲ့ကြပါတယ်။