အမေရိကန်ပြည်ထောင်စု မစ်ဇူရီ (Missouri) ပြည်နယ်မှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အပြင်းထန်ဆုံး တိုနားဒိုး (Tornadoes) ခေါ် လေဆင်နှာမောင်း မုန်တိုင်း တိုက်ခတ်လို့ လူအများအပြား သေဆုံးခဲ့ပြီး ၂ ရက်အကြာမှာပဲ နောက်ထပ် မုန်တိုင်းတွေ၊ တိုနားဒိုးတွေကြောင့် အမေရိကန် အလယ်ပိုင်းမှာ လူပေါင်း ၁၄ ဦးမက ထပ်မံ သေဆုံးနေကြရပါတယ်။
ဥက္ကလာဟိုးမား (Oklahoma)၊ အာကန်းဆတ် (Arkansas) နဲ့ ကန်းဆတ် (Kansas) ပြည်နယ်တွေမှာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ မနက်စောစောပိုင်း တိုနားဒိုးတွေ အများအပြား ထပ်မံ တိုက်ခဲ့တဲ့အတွက် လူတွေ သေဆုံးရတဲ့အကြောင်း ကယ်ဆယ်ရေး အရာရှိတွေက ကြေညာခဲ့တာပါ။
မိုးသီးတွေ ပါဝင်တဲ့ လေဆင်နှာမောင်းတွေ၊ သစ်ပင်တွေ၊ မော်တော်ကားတွေနဲ့ ကျေးလက်မီးသတ် အစရှိတဲ့ နေရာတွေရဲ့ ခေါင်မိုးတွေကို ရိုက်ချိုး ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။