သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်-ဘော်စတွန် ရထားတိုက်မှု ၆၀ ကျော်ဒဏ်ရာရ


အမေရိကန်နိုင်ငံ အရှေ့ပိုင်း နယူးယောက် နဲ့ ဘော်စတွန် မြို့ကြား ရထား ၂ စင်း တိုက်ခိုက်မိတဲ့အတွက် လူ ပေါင်း ၆၀ ထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်မှာ နယူးယောက်မြို့ အရှေ့ မြောက်ဘက် ၆၂ မိုင်လောက်အကွာ Connecticut ၊ Bridgeport နားမှာ ခုလို ရထားတိုက်မှု ဖြစ်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် လူ ၅ ဦးဒဏ်ရာ ပြင်းတန်တဲ့အထဲ၊ ၁ ဦးက အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ Connecticut ပြည်နယ် အုပ်ချုပ်ရေးမှူး Dannel Malloy ကသတင်းထောက်တွေကို ပြောဆိုပါတယ်။

ရထားတိုက်မှုဖြစ်ရတဲ့အကြောင်းရင်းကို ခုထက်ထိ စစ်ဆေးဆဲဖြစ်ပြီး မတော်တဆဖြစ်မှုကြောင့် ရထားတိုက်မှုဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ ယုံကြည်စရာ အကြောင်းမရှိဘူးလို့ သူကပြောဆိုပါတယ်။ လောလောဆယ် နယူးယောက် နဲ့ ဘော်စတွန်မြို့ကြား ပြေးဆွဲတဲ့ Amtrak ရထားခရီးစဉ်ကို ယာယီရပ်ထားလိုက်ပြီ ဖြစ်ပါတယ်။
XS
SM
MD
LG