သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှိန် ၂ ဆမောင်းတဲ့ ကန်ရထားလမ်းချော် ၇ ဦးသေဆုံး


အမေရိကန် ပြည်ထောင်စု အရှေ့မြောက်ပိုင်း Philadelphia မြို့အနီးမှာ အင်္ဂါနေ့ညက ဘီးချော် တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ရထား တိမ်းမှောက်မှုမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး လူပေါင်း ၂၀၀ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရထားဟာ တိမ်းမှောက်ချိန်မှာ လမ်းအကွေ့ပေါ်မှာ သတ်မှတ်အမြန်နှုန်းထက် နှစ်ဆ နီးပါးရှိတဲ့ တနာရီကို ကီလိုမီတာ ၁၆၀နှုန်းလောက်နဲ့ မောင်းနှင်နေခဲ့ တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘာကြောင့် ရထားတိမ်းမှောက်ခဲ့ရတယ် ဆိုတာကို ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

သံလမ်းအကွေ့မတိုင်မှီ သတ်မှတ်အမြန်နှုန်းက တနာရီ ၁၁၃ ကီလိုမီတာဖြစ်ပြီး အကွေ့ပေါ်မှာတော့ ကီလို ၈၀နှုန်းပဲ မောင်းနှင်ဖို့ သတ်မှတ်ထားတာပါ။

ဝါရှင်တန်ကနေ နယူးယောက်ကို သွားတဲ့ ခရီးသည်တင် တွဲ ၇ တွဲပါ Amtrak ရထားမောင်းနှင်သူ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ထုတ်ပြန်ကြေညာခြင်း မရှိပေမဲ့ သူဟာ အသက်ရှင်လျက် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူက ရဲတပ်ဖွဲ့နဲ့ စကားပြောဆိုဖို့ ငြင်းဆိုနေပါတယ်။

XS
SM
MD
LG