သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လက်နက်တချို့ al-Qaida ဆီလွှဲပေးခဲ့


Twitter စာမျက်နျှာမှာတင်ထားတဲ့ ဆီးရီးယားအတွင်း အယ်ကိုင်းဒါးနဲ့ဆက်နွယ်တဲ့ Nusra တပ်ဦးအဖွဲ့ဝင်တွေ ဆီးရီးယားနိုင်ငံ၊ Idlib ဒေသမှာ တွေ့မြင်စဉ်။ (ဧပြီ ၂၅၊ ၂၀၁၅)
Twitter စာမျက်နျှာမှာတင်ထားတဲ့ ဆီးရီးယားအတွင်း အယ်ကိုင်းဒါးနဲ့ဆက်နွယ်တဲ့ Nusra တပ်ဦးအဖွဲ့ဝင်တွေ ဆီးရီးယားနိုင်ငံ၊ Idlib ဒေသမှာ တွေ့မြင်စဉ်။ (ဧပြီ ၂၅၊ ၂၀၁၅)

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ပေးထားတဲ့ လက်နက် ခဲယမ်းမီးကျောက်အပြည့်တင်ထားတဲ့ ထရပ်ကား ၆ စင်းကို Al-Qaida အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ Nusra တပ်ဦးဆီ ပေးအပ်လိုက်ရတယ်လို့ အမေရိကန်က စစ်သင်တန်းပို့ချပေးထားတဲ့ ဆီးရီးယားသူပုန်အဖွဲ့က ပင်တဂွန် စစ်ဌာနချုပ်ကို ပြောပါတယ်။

ဒေသတွင်း ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် အလဲအလှယ်လုပ်တဲ့အနေနဲ့ အဲဒီ တပ်ခွဲကိုပေးထားတဲ့ လက်နက် ခဲယမ်းမီးကျောက် ၂၅% လောက်ကို Nusra တပ်ဦးကို အခု သီတင်းပတ်အစောပိုင်းက လွှဲပြောင်း ပေးအပ်လိုက်ရတယ်လို့ အမေရိကန် ဗဟိုစစ်ဦးဌာနက ပြောပါတယ်။ အဲဒီလို ပေးအပ်ခဲ့တယ်ဆိုတဲ့အပေါ် အစောပိုင်းက ငြင်းဆိုခဲ့ပေမယ့်လည်း လက်နက်တွေ ပေးလိုက်ရတယ်ဆိုတဲ့ အကြောင်းကြားချက် ဆီးရီးယားတပ်ဖွဲ့သစ်ထံက နောက်ပိုင်းမှာ ရရှိခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

ညွန့်ပေါင်းအဖွဲ့ပိုင် လက်နက်တွေကို ရိုက်ယူထားတဲ့ပုံတွေကို Nustra တပ်ဦးက Tweeter လူမှုကွန်ယက်ကတဆင့် ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီလက်နက်တွေကို ဆီးရီးယားတပ်ဖွဲ့သစ်တွေက ဆီးရီးယားနိုင်ငံထဲ ပြန်အဝင်မှာ လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG