သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရ အာဖဂန်ကို ဆက်လက်ကူညီမည်


Map of Afghanistan provinces.
Map of Afghanistan provinces.

အမေရိကန်နိုင်ငံမှာ အရွေးကောက်ခံ သမ္မတ Donald Trump အစိုးရအဖွဲ့ တက်လာချိန်မှာ စစ်ဒဏ်ကြောင့် ယိုယွင်းနေတဲ့ အာဖဂန် နစ်စတန်နိုင်ငံ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးအတွက် အမေရိကန်အစိုးရက ပိုပြီးထဲထဲဝင်ဝင် လုပ်ဆောင်ဖို့သာ ရှိပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန မူဝါဒရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Thomas Shannon က အာဖဂန်ခေါင်းဆောင်တွေကို အာမခံ လိုက်ပါတယ်။

မစ္စတာ Shannon ဟာ စနေနေ့က Kabul ကို သွားရောက်ခဲ့ပြီး အာဖဂန်သမ္မတ Ashraf Ghani ၊ အာဖဂန် အုပ်ချုပ်ရေးမှုးချုပ် Abdullah Abdullah နဲ့ တခြား ထိပ်တန်းအစိုးရအရာရှိကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အခုလို သွားရောက်တဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က သမ္မတ Barack Obama ရဲ့ ရှစ်နှစ်သက်တမ်းကာလအတွင်း တည်ဆောက်နိုင်ခဲ့တဲ့ အမေရိကန် အာဖဂန် ၂ နိုင်ငံ မိတ်ဘက်အနေထားဟာ ခိုင်ခိုင်မာမာ ရှိနေကြောင်း ပြသမှုတခုလို့ မစ္စတာ Shannon က သတင်းထောက် တွေကို ပြောပါတယ်။ ဒီအနေထားဟာ ဇန်နဝါရီ ၂၀ နောက်အစိုးရသစ်တက်လာချိန်မှာ ကုန်ဆုံးသွားမှာ မဟုတ်ပဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဖြစ်လာဖို့သာ ရှိတဲ့အပြင် ၂ နိုင်ငံ မဟာမိတ်အဖြစ် အရှည်တည်တံ့ဖို့ပဲ ရှိတယ်လို့ ပြောကြားခဲ့တာပါ။

ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ အရှည်ကြာဆုံးစစ်ပွဲ တခုဖြစ်လာနေတဲ့ အာဖဂန်နိုင်ငံတွင်း စစ်ဆင်ရေးတွေနဲ့ ပါတ်သက်လို့ အရွေးကောက်ခံ သမ္မတ Trump ကဘယ်လို အစီအစဉ်ချမယ် ဆိုတာကိုတော့ ခုထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG