သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတနဲ့ တရားသူကြီးချုပ်တို့အကြား အချင်းများ


အမေရိကန် တရားရေးစနစ်နဲ့ ပတ်သက်လို့ သမ္မတ Donald Trump နဲ့ တရားရုံးချုပ် တရားသူကြီး John Roberts တို့ကြား ထူးထူးခြားခြား အချင်းများနေကြပါတယ်။ ရွှေ့ပြောင်းဝင်ရောက်သူတွေ အမေရိကန်မှာ ခိုလှုံခွင့်လျှောက်ထားမှုနဲ့ ပတ်သက်တဲ့ မူဝါဒကို ပယ်ချခဲ့တဲ့ တရားသူကြီး တဦးကို သမ္မတက ပြစ်တင်ပြောဆိုရာမှာ အရင်သမ္မတ Barack Obama ရဲ့ တရားသူကြီးအဖြစ် သုံးနှုန်းပြောဆိုခဲ့တဲ့အပေါ် နိုင်ငံတော် တရားရုံးချုပ်တရားသူကြီး Roberts က ခပ်ပြတ်ပြတ် တုံ့ပြန်ခဲ့တာပါ။

သမ္မတတယောက်ယောက်ရဲ့ တရားသူကြီးဆိုတာမျိုး မရှိတဲ့အကြောင်း သမ္မတရဲ့ ပြောဆိုချက်ကို မနေ့တုန်းကပဲ တုံ့ပြန်ပြောဆိုလိုက်သလို၊ တရားရေးစနစ်ရဲ့ သီးခြားလွတ်လပ်မှုကို ကာကွယ် ပြောဆိုလိုက်ပါတယ်။ Obama ရဲ့ တရားသူကြီး၊ Trump ရဲ့ တရားသူကြီးဆိုတာမျိုး မရှိသလို၊ Bush တရားသူကြီး ဒါမှမဟုတ် Clinton တရားသူကြီး ဆိုတာမျိုးလည်း မရှိဘူးတဲ့အကြောင်း အရင်သမ္မတဟောင်းတွေကိုပါ ရည်ညွန်း ပြောဆိုခဲ့တာပါ။

ချက်ခြင်းတုံ့ပြန်လေ့ရှိတတ်တဲ့ သမ္မတTrump ကလည်း သူ့မှတ်ချက်နဲ့ ပတ်သက်လို့ ချေပခဲ့ပါတယ်။ အိုဘားမားရဲ့ တရားသူကြီး ဆိုသူတွေ တကယ်ရှိပါတယ်ဆိုပြီး Twitter ကနေ ချေပခဲ့တာပါ။

ကျေးဇူးတော်နေ့ အားလပ်ရက်ကာလမှာ သမ္မတ Trump နဲ့ အချေအတင် ဖြစ်နေတဲ့ တရားသူကြီး Roberts ဟာ သမ္မတရဲ့ ရီပတ်ဘလစ်ကန်ပါတီက ခန့်အပ်ထားသူ တဦးဖြစ်ပြီး၊ သမ္မတက သူ့မူဝါဒတွေကို ဆန့်ကျင်နေကြတဲ့ ပြည်ထောင်စု တရားသူကြီးတွေကို ပြစ်တင်ပြောဆိုနေတဲ့အပေါ် ပထမဆုံးအကြိမ်အဖြစ် ဝေဖန်လိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်မှာ သမ္မတက တရားသူကြီး တယောက်ယောက်ကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်တာမျိုး လုပ်လေ့မရှိသလို၊ နိုင်ငံတော် တရားရုံးချုပ်တရားသူကြီး တဦးက သမ္မတရဲ့ မှတ်ချက်အပေါ် ဝေဖန်တာမျိုးလည်း လုပ်လေ့လုပ်ထ မရှိပါဘူး။

ကန်သမ္မတနဲ့ တရားသူကြီးချုပ်တို့အကြား အချင်းများ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG