သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့တူရကီ အငြင်းပွားမှုအဓိက သင်းအုပ်ဆရာတော် ပြန်လွတ်


Turkey US Pastor
Turkey US Pastor

တူရကီနိုင်ငံမှာ ၂ နှစ်ကျော်အကျဉ်းချခံထားရပြီ းတူရကီ တရားရုံးက ပြန်လွှတ်ပေးလိုက်တဲ့ အမေရိကန် ခရစ်ယာန် သင်းအုပ်ဆရာဟာ ခုတော့ အမေရိကန်ကိုပြန်လာနေပါပြီ။ သင်းအုပ်ဆရာ Andrew Brunson ကို မနေ့သောကြာနေ့က ပြန်လွှတ်ပေးလိုက်တဲ့အတွက် တူကရီနဲ့ အမေရိကန်ကြား ခါးသီးတဲ့ သံတမန်ရေး ဆိုင်ရာ အငြင်းပွါးမှုတွေ အဆုံးသတ်သွားပါပြီ။

အကြမ်းဖက်ဝါဒထောက်ခံသူအဖြစ်နဲ့ရော သူလျှိုလုပ်မှုနဲ့ပါ စွဲချက်တင်ခံခဲ့ရတဲ့ Mr. Brunson ဟာ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၃၅ နှစ်ထိ ကျခံရနိုင်ပါတယ်။ အမေရိကန်ဘက်ကတော့ အဲဒီစွပ်စွဲချက်တွေကို အခြေ အမြစ်မရှိဘူးလို့ ပြောဆိုထားတာပါ။ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သင်းအုပ်ဆရာ Brunson ရဲ့ အခြေအနေ ကောင်းသွားပြီဖြစ်ပြီး သမ္မတ အိမ်ဖြူတော်ကို မကြာခင် လာရောက်လည်ပတ်လိမ့်မယ်လို့ သမ္မတ Donald Trump ကပြောပါတယ်။

ပြည်ပနိုင်ငံတွေမှာ မှားယွင်းစွာ အကျဉ်းချခံထားရတဲ့အမေရိကန်နိုင်ငံသားတွေကိုအိမ်ပြန်ခေါ်နိုင်ဖို့ သမ္မတ Trump အစိုးရအဖွဲ့က ဆက်ပြီးလုပ်ကိုင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ မနေ့သောကြာနေ့က မစ္စတာ Brunson ကို ဂျာမနီနိုင်ငံက Ramstein လေတပ် အခြေစိုက်စခန်းကို အမေရိကန်လေတပ်က ပို့ပေးခဲ့ပါတယ်။ အမေရိကန်ကို ခရီးမဆက်ခင် အဲဒီမှာ ကျန်းမာရေးဆေးစစ်ချက်တွေလုပ်မှာဖြစ်ပါ။ ဂျာမနီဆိုင်ရာ အမေရိကန်သံအမတ်က သင်းအုပ်ဆရာ Brunson ကိုသွားရောက်ကြိုဆိုခဲ့တာပါ။

သင်းအုပ်ဆရာ Andrew Brunson ကို ဖမ်းဆီးထားတဲ့အတွက် အမေရိကန်ဘက်က တူရကီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကန်နဲ့တူရကီ အငြင်းပွားမှုအဓိက သင်းအုပ်ဆရာတော် ပြန်လွတ်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG