သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

F-16 တိုက်လေယာဉ်တွေ တူရကီကို ရောင်းဖို့ ကန်ခွင့်ပြု


This image provided by the U.S. Air Force shows a F-16 Fighting Falcon from the 510th Fighter Squadron taking off during Red Flag 24-1 at Nellis Air Force Base, Nevada, on Jan 25, 2024.
This image provided by the U.S. Air Force shows a F-16 Fighting Falcon from the 510th Fighter Squadron taking off during Red Flag 24-1 at Nellis Air Force Base, Nevada, on Jan 25, 2024.

အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ တန်ဖိုးရှိတဲ့ F-16 တိုက်လေယာဉ်တွေ တူရကီကို ရောင်းချဖို့ အမေရိကန်အစိုးရက မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ခွင့်ပြုပေးလိုက်ပါပြီ။ ဒါဟာ ဆွီဒင်နိုင်ငံ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် တူရကီက သဘောတူလိုက်ပြီးတဲ့နောက် အမေရိကန်က အခုလို ရောင်းခွင့်ပြုလိုက်တာပါ။

အခုလို တူရကီကို ရောင်းချမယ့်ကိစ္စနဲ့ ဂရိနိုင်ငံကို F-35 အစင်း ၄၀ ရောင်းချမယ့်ကိစ္စတွေကို အမေရိကန်ဥပဒေအရ လွတ်တော်ရဲ့ အတည်ပြုချက်ရနိုင်ဖို့ နိုင်ငံခြားရေးဌာနက လွှတ်တော်ကို တင်ပြလိုက်ပြီ ဖြစ်ပါတယ်။

တူရကီက အမေရိကန်ထံကနေ F-16 တိုက်လေယာဉ် အစင်း ၄၀ ဝယ်ယူမှာဖြစ်သလို၊ လက်ရှိ ရှိနေတဲ့ တိုက်လေယာဉ် ၇၉ စင်းကိုလည်း အရည်အသွေး မြှင့်တင်သွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဆွီဒင်ကို နေတိုးအဖွဲ့ဝင်ဖြစ်ရေး တူရကီက လက်ခံ အတည်ပြုချက် အမေရိကန်ကို ရောက်လာတယ်ဆိုတာ သေချာတော့မှ တူရကီကို အခုလို တူရကီကို တိုက်လေယာဉ်တွေ ရောင်းချဖို့ သဘောတူခဲ့တာလို့ ဒီကိစ္စဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် အရာရှိတွေက အလေးပေးပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့ထဲ ဝင်ခွင့်ပြုတဲ့ အတည်ပြုချက်မှန်သမျှ အမေရိကန်အစိုးရကို ပထမဆုံး အသိပေးဖို့ လိုအပ်တာမို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ဟာ ရှေ့သီတင်းပတ်ထဲ အမေရိကန်ကို လာရောက် အသိပေးမှာဖြစ်ပါတယ်။ နေတိုးမဟာမိတ် ဖွဲ့စည်းတဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်ပွဲကို ဇူလိုင်လကျရင် အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမှာ ဖြစ်ပါတယ်။

XS
SM
MD
LG