သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားကို ကန် ပိတ်ဆို့မှု အဆုံးသတ်ရေး ကုလ တောင်းဆို


ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို အဆုံးသတ်ရေး ကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ တခဲနက် မဲပေး။
ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို အဆုံးသတ်ရေး ကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ တခဲနက် မဲပေး။

ကျူးဘားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက နှစ် ၅၀ ကျော်ကြာ ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို အဆုံးသတ်ရေး ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အင်္ဂါနေ့က တခဲနက် မဲပေး ဆုံးဖြတ်လိုက်ကြပါတယ်။

စစ်အေးကာလ အရှိန်မြင့်နေချိန်အတွင်း ချမှတ်ခဲ့တဲ့ အရေးယူမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အဆုံးသတ်ဖို့ အထွေ ထွေညီလာခံအဖွဲ့ဝင် ၁၉၁ နိုင်ငံက တောင်းဆိုလိုက်တာပါ။ အမေရိကန်နဲ့ အစ္စရေး နှစ်နိုင်ငံထဲပဲ ကန့်ကွက်မဲပေးပါတယ်။

ဒီကိစ္စကို အထွေထွေညီလာခံက နှစ်စဉ် ကိုင်တွယ်ဆောင်ရွက်တဲ့ ၂၄ နှစ်တာကာလအတွင်း ဒီတကြိမ်ဟာ ဒဏ်ခတ်အရေးယူမှု ကို အဆုံးသတ်ရေး အားအကောင်းဆုံး ထောက်ခံတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီမဲခွဲဆုံးဖြတ်ချက်က အခြေအနေတွေ ရှေ့ဆက်တိုးဖြစ်ပေါ်အောင် အထောက်အကူဖြစ်စေမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ဒုတိယသံအမတ် Ron Goddard ကပြောပါတယ်။

ကျူးဘားနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး အပြည့်အ၀ ပြန်ထူထောင်ဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သမ္မတ ဘရာ့ခ် အိုဘားမားက ညွှန်ကြားခဲ့တာပါ။ ကျူးဘားနိုင်ငံကို အမေရိကန်နိုင်ငံသားတွေ ခရီးသွာလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တချို့ကိုလည်း သမ္မတက လျှော့ပေါ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၅၆ နှစ်ကြာ ဒဏ်ခတ်အရေးယူမှုကိုတော့ ကွန်ဂရက်လွှတ်တော်ကပဲ ရုပ်သိမ်းနိုင်တာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒဏ်ခတ်အရေးယူမှုကို ကိုယ့်သဘောနဲ့ကိုယ် ချမှတ်ထားတာမို့ ကိုယ့်သဘောနဲ့ကိုယ်ပဲ ရုပ်သိမ်းပေးပါလို့ အထွေထွေညီလာခံဆုံးဖြတ်ချက် ထွက်ပြီးတဲ့နောက် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez Parrilla က တိုက်တွန်းပြောဆိုပါတယ်။

XS
SM
MD
LG