သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ကိုဖမ်းဖို့ ဥပဒေကြောင်းနည်းလမ်း အားလုံးကိုသုံးမည်


အမေရိကန်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အစီအစဉ်တွေကို ထုတ်ဖော်ပြီး၊ နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ထောက်လှမ်းရေး ဝန်ထမ်းဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) ကို ဖမ်းဆီးနိုင်ဖို့ အမေရိကန်အစိုးရက သင့်တော်တဲ့ တရားနည်းလမ်းပေါင်းစုံ သုံးသွားမှာ ဖြစ်တယ်လို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

Snowden ဟာ ရုရှားနိုင်ငံမှာ ရှိနေတယ်လို့ ယုံကြည်ထားကြောင်း သမ္မတအိမ်ဖြူတော်က တနင်္လာနေ့မှာ ပြောဆိုခဲ့သလို၊ Snowden ကို သူလျှိုမှုနဲ့ တရားရင်ဆိုင်ဖို့အတွက် အမေရိကန်ကို လွှဲပြောင်းပေးဖို့အတွက်လည်း ရုရှားအစိုးရကို ဖိအားပေး တိုက်တွန်းနေပါတယ်။

နိုင်ငံရေး ခိုလှုံခွင့် ရယူနိုင်ဖို့ ပုန်းအောင်းသွားလာနေတဲ့ Snowden ဟာ မော်စကို ကနေ ကျူးဘားနိုင်ငံ Havana ကို တနင်္လာနေ့မှာ လေယာဉ်နဲ့ ထွက်ခွာဖို့ စီစဉ်ထားပြီး အဲ့ဒီကနေ Ecuador နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် ရယူမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျူးဘား မြို့တော်ကနေ ထွက်ခွာတဲ့ လေယာဉ်မှာတော့ Snowden လိုက်ပါ မပါ ဆိုတာကို လူတွေက စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ အမေရိကန် အစိုးရရဲ့ လျှို့ဝှက် အချက်အလက်တွေ ပေါက်ကြားအောင် လုပ်ခဲ့တဲ့ Wikileaks ဝပ်ဆိုဒ် ထူထောင်သူ ဂျူလီယန် အာဆန်း (Julian Assange) ကတော့ Snowden ဟာ လုံခြုံစိတ်ချရတဲ့ နေရာမှာ ရှိနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) ကတော့ အမေရိကန်နိုင်ငံဟာ သံသယဖြစ်ဖွယ် ရာဇဝတ်သားတွေကို မကြာခဏ ဆိုသလို ရုရှားနိုင်ငံကို ပြန်လည် လွှဲပြောင်း ပေးခဲ့တယ်လို့ဆိုပြီး၊ အခု ရုရှားကလည်း အသက် ၃၀ အရွယ် Snowden ကို အမေရိကန် အာဏာပိုင်တွေ လက်ထဲ လွှဲပြောင်းပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG