သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်အဆိုပြုချက် ကန် ဗီတိုအာဏာသုံးပယ်ချ


ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ စကားပြောနေတဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမေရိကန် သံအမတ်ကြီး Robert Wood (နိုဝင်ဘာ ၂၀၊ ၂၀၂၄)
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ စကားပြောနေတဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမေရိကန် သံအမတ်ကြီး Robert Wood (နိုဝင်ဘာ ၂၀၊ ၂၀၂၄)

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဂါဇာ အပစ်ရပ်ရေး အဆိုပြုချက်ကို အမေရိကန် ပြည်ထောင်စုက ဗီတိုအာဏာနဲ့ ပယ်ချလိုက်ပါတယ်။ ဓားစာခံတွေ လွှတ်ပေးရေးနဲ့ ဂါဇာမှာ အမြဲတမ်း အပစ်ရပ်ရေးကို တောင်းဆိုလိုက်ပြီး အဆိုပြု ဆုံးဖြတ်ချက်ဟာ ဟာမတ်စ်ကို သတင်းအမှားပေးရာ ရောက်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ဓားစာခံ လွတ်မြောက်ရေး မပါတဲ့ အပစ်ရပ်ရေးကို မထောက်ခံဘူး လို့ ညှိုနှိုင်းပွဲတွေမှာ ပြောခဲ့သလို၊ တာရှည်ခံ စစ်အဆုံးသတ်ရေး ဟာ ဓားစာခံ လွတ်မြောက်ရေးနဲ့အတူ လာရမယ်ဆိုတာကို အရင် လုံခြုံရေး ကောင်စီ တောင်းဆိုချက်တွေမှာ ပြောထားပြီး ဖြစ်ပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမေရိကန် သံအမတ်ကြီး Robert Wood က ပြောပါတယ်။

အဆိုပြု မူကြမ်းကို ရွေးကောက်ခံ လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၀ နိုင်ငံက ရေးဆွဲခဲ့တာပါ။ ဒီမူကြမ်း က အန္တရာယ်များတဲ့ သတင်းစကား မဟုတ်ပါဘူး။ ဗီတို သုံးလိုက်တာကသာ သူ့အစီအစဥ်အတိုင်း ဆက်လုပ်နိုင်တယ်လို့ အစ္စရေးကို အန္တရာယ်များလှတဲ့ သတင်းစကား ပါးလိုက်တာ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ဒုတိယ ပါလက်စတိုင်း သံအမတ်ကြီး Majed Bamya က တုံ့ပြန် ပြောကြားပါတယ်။

ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အားလုံးက ချက်ချင်း၊ ဘာအကြောင်းအချက်မှ မသတ်မှတ်ဘဲ အပစ်ရပ်ဖို့၊ ဆက်လက်ပြီးတော့မှ ချက်ချင်း၊ ဘာအကြောင်းမှ မသတ်မှတ်ဘဲ ဓားစာခံတွေကို လွှတ်ဖို့ မူကြမ်းက အဆိုပြု ပါတယ်။

ဂါဇာအပစ်ရပ်အဆိုပြုချက် ကန် ဗီတိုအာဏာသုံးပယ်ချ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG