သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရခိုင်လူမှုအဖွဲ့များနဲ့ တွေ့ဆုံ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall ဟာ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Judith Cefkin၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့နဲ့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့အကြောင်း ရခိုင်နဲ့ မူဆလင် အသိုင်းအဝိုင်းက တာဝန်ရှိသူတွေနဲ့ မနေ့က ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ တခြားပဋိပက္ခတွေ အပါအဝင် ဒေသတွင်း အကူအညီ လိုအပ်နေသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးရေးကိစ္စတွေကိုပါ ဆွေးနွေး ခဲ့တယ်လို့ ရန်ကုန် အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ထွက်ခွာသွားလိုက်ရတဲ့အတွက် အကူအညီ လိုအပ်နေသူတွေ အရင်ကထက် ပိုပြီး အကူအညီတွေ ဆိုးဆိုးရွားရွား လိုအပ်နေကြောင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall က တွေ့ဆုံမှုအတွင်း အလေးပေး ပြောကြားခဲ့ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall ဟာ မြန်မာအစိုးရ အကြီးတန်း အရာရှိတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှု လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sewall ဟာ မြန်မာနိုင်ငံက အပြန် နိုင်ဂျီးရီးယားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်ကို မေလ ၁၄ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG