သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်ကို စစ်သုံးပစ္စည်းရောင်းချမှု ပိတ်ပင်ချက် ကန် ပြန်ဖွင့်


ဗီယက်နမ်နိုင်ငံကို စစ်သုံး လက်နက်ခဲယမ်းမီးကျောက်တွေ ရောင်းချမှု ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်ပြည်ထောင်စုက ပိတ်ပင် ကန့်သတ် ထားတာကို တစိတ်တပိုင်း ပြန်ဖွင့်ပေးလိုက်ပါပြီ။ ဗီယက်နမ်စစ်ပွဲ အဆုံး သတ်အပြီး နှစ်ပေါင်း ၄၀ နီးပါးအကြာ မှာမှ ပြန်ရုပ်သိမ်းပေးလိုက်တဲ့ သမိုင်းဝင် လုပ်ဆောင်ချက်ပါပဲ။

ကြာသပတေးနေ့က ဝါရှင်တန်မြို့တော်မှာ ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီး Pham Bing Minh နဲ့ တွေ့ဆုံ ဆွေးနွေးချိန်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက အဲဒီလိုကြေညာတာဖြစ်ပါ တယ်။

စစ်သုံးပစ္စည်းကိရိယာတွေ ရောင်းချတာကနေ ဗီယက်နမ် ရဲ့ ရေကြောင်းထောက်လှမ်းစောင့်ကြည့်ရေး စွမ်းရည်ကို တိုးတက်စေမယ် လို့ အမေရိကန်ကပြောပြီး ရောင်းချတဲ့ကိစ္စရပ်တခုချင်းစီကို ဆန်းစစ်သွား မယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဗီယက်နမ်နိုင်ငံဟာ တရုတ်နဲ့ ထိပ်တိုက် ရင်ဆိုင်နေရတာပါ။

မကြာသေးခင်နှစ်တွေအတွင်း တင်းမာမှု တိုးလာတာနဲ့အမျှ ဗီယက်နမ် ရေကြောင်းကင်းလှည့်ယာဉ်တွေနဲ့ တရုတ် ရေတပ် အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ အကြိမ်များစွာ ရှိဖူးပါတယ်။

XS
SM
MD
LG