သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ငြိမ်းချမ်းရေး ပျက်သုဉ်းလုနီး အခြေဆိုက်


ယူကရိန်းအရှေ့ပိုင်း Debaltseve အရပ်မှာရှိတဲ့ ယူကရိန်းစစ်သားတွေ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၅)
ယူကရိန်းအရှေ့ပိုင်း Debaltseve အရပ်မှာရှိတဲ့ ယူကရိန်းစစ်သားတွေ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၅)

ယူကရိန်းနိုင်ငံအရှေ့ခြမ်း Debaltseve မှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းတပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ တနင်္လာနေ့က ဖြစ်ခဲ့တာကြောင့် တရက်ပဲကြာသေးတဲ့ အပစ်အခတ်ရပ်စဲရေးသဘာတူညီချက်ဟာ ပျက်လုပျက်ဆဲ မရေမရာဖြစ်နေပါတယ်။ အခု တိုက်ပွဲဖြစ်တဲ့နေရာဟာ မီးရထားလမ်းတွေ ဆုံရာနေရာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့တွေကို သူပုန်တွေက ဝိုင်းထားတာပါ။

ယူကရိန်းအစိုးရတပ်အနေနဲ့ လက်နက်ချမယ်ဆိုရင် အဲဒီ ဒေသကနေ ဘေးကင်းရန်ကင်းထွက်ခွာခွင့်ပေးမယ်လို့ သူပုန်တွေဘက်က ကမ်းလှမ်း ထားပါတယ်။ ဒါပေမယ့်လို့ အပစ်အခတ်ရပ်စဲရေးသဘာတူညီချက်အရ အဲဒီမြို့မှာ သူတို့ပိုင်နက်အတွင်းမှာ ရှိတယ်ဆိုပြီး ယူကရိန်းဘက်က သူပုန်တွေ ကမ်းလှမ်းတာကို ပယ်ချခဲ့ပါတယ်။

ယူကရိန်းသမ္မတ Petro Poroshenko အပါအအဝင် ပြင်သစ်၊ ရုရှားနဲ့ ဂျာမနီ ခေါင်းဆောင်တွေ ပြီးခဲ့တဲ့အပတ်အတွင်းက တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ယူခဲ့တာပါ။ အပစ်အခတ်ရပ်စဲရေးမှာ သဘောတူထားကြတဲ့အတိုင်း ရှေ့တန်းစစ်မြေပြင်ကနေ လက်နက်ကြီးတွေ ပြန်ရုပ်ဖို့ဆိုတာကို သူပုန်တွေရော အစိုးရတပ်ဘက်ကပါ လိုလိုလားလား မရှိကြပါဘူး။

Debaltseve မှာ အခုလို တိုက်ပွဲတွေဖြစ်လာတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ဂျာမန်ဝန်ကြီးချုပ် Angela Merkel ပြင်သစ် သမ္မတ Francois Hollande နဲ့ ယူကရိန်းသမ္မတ Poroshenko တို့က ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါကြောင့် သူပုန်တွေ ပိတ်ဆို့ထားတဲ့ အဲဒီမြို့ကို ဥရောပလုံခြုံရေး အကဲဖြတ်တွေ ဝင်ရောက်နိုင်ဖို့လည်း သူတို့က တောင်းဆိုထားကြပါတယ်။

XS
SM
MD
LG