သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်မဲပေးခွင့် သမိုင်းဝင် အက်ဥပဒေ နှစ် (၅၀) ပြည့်


အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၅ ခုမြောက် ပြင်ဆင် ချက်ထဲ လူမဲတွေကို မဲပေးခွင့်ပေး ထားပေမဲ့ ပြည်နယ်တချို့ က ဒီမဲပေးခွင့်ကို ဥပဒေအရ တားမြစ်ထားတာကို အမေရိကန် သမ္မတ Lydon B. Johnson က သြဂုတ်လ ၆ ရက်၊ ၁၉၆၅ ခုနှစ်မှာ လက်မှတ်ရေးထိုးပြီး ပယ်ဖျက်ခဲ့။ (သြဂုတ်လ ၆၊ ၁၉၆၅)

အမေရိကန်ပြည်ထောင်စုမှာ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ မဲပေးခွင့်ရအောင် ဖက်ဒရယ်အစိုးရက အကာအကွယ်ပေး ချမှတ်ခဲ့တဲ့ သမိုင်းဝင် မဲပေးခွင့် အက်ဥပဒေကို လက်မှတ်ရေးထိုးခဲ့တာ ဒီကနေ့ ကြာသပတေးနေ့မှာ အနှစ် (၅၀) ပြည့်ခဲ့ပါပြီ။

အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၅ ခုမြောက် ပြင်ဆင်ချက်ထဲမှာ လူမဲတွေကို မဲပေးခွင့်ပေးထားပေမဲ့ ပြည်နယ်တချို့ က ဒီမဲပေးခွင့်ကို ဥပဒေအရ တားမြစ်ထားတာတွေကို အမေရိကန်သမ္မတ Lydon B. Johnson က သြဂုတ်လ ၆ ရက်၊ ၁၉၆၅ ခုနှစ်မှာ လက်မှတ်ရေးထိုးပြီး ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပြည်နယ်အများစုဟာ တောင်ပိုင်းပြည်နယ်တွေဖြစ်ပြီး ကျွန်စနစ် ကျင့်သုံးခဲ့တဲ့ အချိန်ကတည်းက သမိုင်းတလျှောက် လူမျိုးရေး ခွဲခြား ဆက်ဆံမှုတွေ ရှိခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်။

၁၉၆၅ ခုနှစ်ရဲ့  မတ်လတုန်းက Alabama ပြည်နယ်၊ Selma မြို့ ရှိတဲ့ Edmund Pettus တံတားကိုဖြတ်ပြီး မဲပေးခွင့်အတွက် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသူတွေကို ရဲအာဏာပိုင်တွေက အင်အားသုံးဖြိုခွင်းခဲ့ပြီးနောက်မှာ ဒီ မဲပေးခွင့် အက်ဥပဒေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Selma မြို့ဖြစ်ရပ်ကြောင့် အမေရိကန်နိုင်ငံတ၀ှမ်းက ပြည်သူတွေ အမျက်ဒေါသ ထွက်ခဲ့ကြသလို၊ အဲဒီနောက်မှာတော့ သမ္မတ Johnson ကလည်း လွှတ်တော်ထဲမှာ ဒီ မဲပေးခွင့်အက်ဥပဒေကို အတည်ပြုကြဖို့ တိုက်တွန်းတဲ့ သမိုင်းဝင် မိန့်ခွန်းတရပ် ပြောကြားခဲ့ပါတယ်။


ဒီ အက်ဥပဒေဟာ အမေရိကန်သမိုင်းမှာ ပြဌာန်းခဲ့တဲ့ ပြည့်သူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေထဲမှာတော့ အထင်ရှားဆုံး ဥပဒေတရပ် ဖြစ်တယ်လို့ အများက လက်ခံထားပါတယ်။ ဒီဥပဒေဟာ အမေရိကန်လူမှုအသိုင်းအ၀ိုင်း နေရာတိုင်းမှာ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ အပေါ် လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ရေး တရားဝင် တောင်းဆိုတဲ့ ဆယ်စုနှစ်နဲ့ချီ ပြည်သူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားမှု အရှိန်မြင့်နေချိန်ကို ဖော်ပြတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG