မဲေခါင္ေဒသ သန႔္ရွင္းစြမ္းအင္ စီမံခ်က္ေတြအတြက္ ရံပုံေငြေဒၚလာသန္း ၂၀ ခ်ထားလိုက္ေၾကာင္း အေမရိကန္ ဒုတိယသမၼတ ကင္မလာ ဟဲရစ္စ္ က ေက်ညာလိုက္ပါတယ္။ ထိုင္းႏိုင္ငံမွာ ေအပက္အစည္းအေဝးကို တက္ခဲ့ၿပီးတဲ့ေနာက္ ေနာက္ဆုံးရက္ တနဂၤေႏြေန႔မွာ အခုလို ေက်ညာ္လိုက္တာ ျဖစ္ပါတယ္။
စေနေန႔က APEC အစည္းအေဝး ပိတ္ပြဲၿပီးတဲ့ေနာက္ အေမရိကန္ ဒုတိယသမၼတဟာ အရပ္ဘက္အဖြဲ႔အစည္းေတြနဲ႔ စီးပြားေရးနယ္ပယ္က ေခါင္းေဆာင္ေတြကို ေတြ႔ဆုံခဲ့ပါတယ္။
“ရာသီဥတု ေဖာက္ျပန္လာတာအေပၚ အေရးယူေဆာင္႐ြက္တာဟာ ကြၽန္မတို႔ရဲ႕ သဘာဝအရင္းအျမစ္ေတြနဲ႔ ကမာၻၿဂိဳဟ္ေပၚက လူသားေတြကို ကာကြယ္ဖို႔ လိုခ်က္၊ ျဖစ္႐ုံမက၊ စီးပြါးေရး တိုးတက္ဖို႔အတြက္ အားေကာင္းတဲ့ တြန္းအားတစ္ရပ္လည္း ျဖစ္ပါတယ္။” လို႔ ဒုတိယသမၼတ ကင္မ္မလာဟဲရစ္စ္က ေျပာပါတယ္။ အေစာပိုင္း သတင္းထုတ္ျပန္ခ်က္မွာေတာ့ ဂ်ပန္-အေမရိကန္ မဲေခါင္လွ်ပ္စစ္ တြဲဘက္ ရံပုံေငြ (JUMPP) အတြက္ လႊတ္ေတာ္ကို အေမရိကန္အစိုးရက ေတာင္းဆိုမယ္လို႔ ဒုတိယသမၼတက ေျပာခဲ့ပါတယ္။
“ထိုင္း၊ ဗီယက္နမ္၊ လာအိုမွာ မဲေခါင္ျမစ္ကို အားထားေနရတဲ့ ရပ္႐ြာအသိုက္အဝန္းေတြအတြက္ ရာသီဥတု ေဖာက္ျပန္မႈဟာ တကယ့္ၿခိမ္းေျခာက္မႈ ျဖစ္တယ္ဆိုတာကို ကြၽန္မတို႔ သိပါတယ္။” လို႔ ဒုတိယသမၼတ ကင္မလာဟဲရစၥက ေျပာခဲ့ပါတယ္။
==== Unicode ====
မဲခေါင်ဒေသ သန့်ရှင်းစွမ်းအင် စီမံချက်တွေအတွက် ရံပုံငွေဒေါ်လာသန်း ၂၀ ချထားလိုက်ကြောင်း အမေရိကန် ဒုတိယသမ္မတ ကင်မလာ ဟဲရစ်စ် က ကျေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ အေပက်အစည်းအဝေးကို တက်ခဲ့ပြီးတဲ့နောက် နောက်ဆုံးရက် တနင်္ဂနွေနေ့မှာ အခုလို ကျေညာ်လိုက်တာ ဖြစ်ပါတယ်။
စနေနေ့က APEC အစည်းအဝေး ပိတ်ပွဲပြီးတဲ့နောက် အမေရိကန် ဒုတိယသမ္မတဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စီးပွားရေးနယ်ပယ်က ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။
“ရာသီဥတု ဖောက်ပြန်လာတာအပေါ် အရေးယူဆောင်ရွက်တာဟာ ကျွန်မတို့ရဲ့ သဘာဝအရင်းအမြစ်တွေနဲ့ ကမ္ဘာဂြိုဟ်ပေါ်က လူသားတွေကို ကာကွယ်ဖို့ လိုချက်၊ ဖြစ်ရုံမက၊ စီးပွါးရေး တိုးတက်ဖို့အတွက် အားကောင်းတဲ့ တွန်းအားတစ်ရပ်လည်း ဖြစ်ပါတယ်။” လို့ ဒုတိယသမ္မတ ကင်မ်မလာဟဲရစ်စ်က ပြောပါတယ်။ အစောပိုင်း သတင်းထုတ်ပြန်ချက်မှာတော့ ဂျပန်-အမေရိကန် မဲခေါင်လျှပ်စစ် တွဲဘက် ရံပုံငွေ (JUMPP) အတွက် လွှတ်တော်ကို အမေရိကန်အစိုးရက တောင်းဆိုမယ်လို့ ဒုတိယသမ္မတက ပြောခဲ့ပါတယ်။
“ထိုင်း၊ ဗီယက်နမ်၊ လာအိုမှာ မဲခေါင်မြစ်ကို အားထားနေရတဲ့ ရပ်ရွာအသိုက်အဝန်းတွေအတွက် ရာသီဥတု ဖောက်ပြန်မှုဟာ တကယ့်ခြိမ်းခြောက်မှု ဖြစ်တယ်ဆိုတာကို ကျွန်မတို့ သိပါတယ်။” လို့ ဒုတိယသမ္မတ ကင်မလာဟဲရစ္စက ပြောခဲ့ပါတယ်။