သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပို့ကုန် ပိတ်ပင်မှု အမေရိကန်ရပ်ဆိုင်း


အမေရိကန်ကွန်ဂရက်လွှတ်တော် အဆောက်အအုံ(ဝါရှင်တန်ဒီစီ)
အမေရိကန်ကွန်ဂရက်လွှတ်တော် အဆောက်အအုံ(ဝါရှင်တန်ဒီစီ)
အမေရိကန်သမ္မတအိုဘားမားရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်မတိုင်ခင်မှာ မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို တင်သွင်းမယ့် ကုန်ပစ္စည်းတွေ အပေါ်ပိတ်ဆို့ထားမှုကို ပြန်ရုတ်သိမ်း မှာဖြစ်တယ်လို့ အမေရိကန်လွှတ်တော်တာဝန်ရှိသူ တစ်ယောက်က ပြောလိုက်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက ကျောက်မျက်တွေကိုတော့ တင်သွင်းခွင့်ပေးမှာ မဟုတ်ဘဲ ဆက်ပြီးတော့ တားမြစ် ထားမှာဖြစ်တယ်လု့ိ ပြောပါတယ်။ ဒါဟာ ဆယ်စုနှစ်နီးပါးတခုအတွင်း မြန်မာနိုင်ငံက သွင်းကုန်တွေ အပေါ်အမေရိကန်က ပိတ်ဆို့ထားတာကိုပထမဆုံးအကြိမ်
ပြန်ရုတ်သိမ်း လိုက်တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတာတွေကို အခုလို ပြန်ရုတ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက
ကြေငြာလိုက်တာဖြစ်ပါတယ်။

လုူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတာတွေကြောင့် အမေရိကန်ကုမ္ပဏီတွေ စီးပွားရေးမလုပ်ဖို့ တားမြစ်ထားတဲ့ စီးပွားရေးလုပ်ငန်းစာရင်းကိုတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းအသစ်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ အခုလို အမေရိကန်ဘက်ကကန့်သတ်မှုတွေ ဖြေလျော့ပေးလိုက်တာဟာ မြန်မာနိုင်ငံဘက်က
ပြုပြင်ပြောင်းလဲရေးတွေ အလျင်အမြန်လုပ်ဆောင်လာတွေကြောင့်ဖြစ်ပြီး၊ ဒါဟာ အရင်စစ်ခေါင်းဆောင်တွေဖြစ်ခဲ့တဲ့ လက်ရှိအစိုးရခေါင်းဆောင်တွေအတွက်တော့ နိုင်ငံရေးအရ အရှိန်မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။

အခုလိုလုပ်ဆောင်လိုက်တာဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်နေတာတွေကို အားပေးဖို့နဲ့ နောက်ထပ် အပြောင်းအလဲတွေဖြစ်လာဖို့အပြင် အမေရိကန်မြန်မာစီးပွားရေး
လုပ်ငန်းတွေအတွက် အခွင့်အလမ်းသစ်တွေရဖို့အတွက် ရည်ရွယ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ၂ ခုရဲ့ ပူးတွဲကြေငြာချက်မှာ ပြောထားပါတယ်။
XS
SM
MD
LG