သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ ဆွေးနွေးဖို့ ကန်လိုလား


နှစ်နိုင်ငံ တင်းမာမှုတွေ လျှော့ချနိုင်ရေး အတွက် အမေရိကန်ဘက်က အီရန်နဲ့ ခြွင်းချက်မရှိ အလုံးစုံ ဆွေးနွေးလိုတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် အီရန် အစိုးရဘက်ကတော့ စေ့စပ်ဆွေးနွေးမှုသစ် ဖြစ်လာရေး အပေါ် သိပ်ပြီး မျှော်လင့်မထားပါဘူး။ ကြိုတင်သတ်မှတ်ချက်တွေ မထားဘဲ ဆွေးနွေးမှုနဲ့ ညှိဖို့ ပြင်ဆင်ထားကြောင်း၊ ဆွေးနွေးဖု့ိ အဆင်သင့်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆွစ်ဇာလန်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ဒါပေမယ့် အီရန် တော်လှန်ရေး တပ်ရဲ့ ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို ပြောင်းလဲပစ်နိုင်ရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကတော့ ဆက်ပြီး ရှိနေမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Pompeo က ထပ်လောင်း ပြောပါတယ်။ အီရန်ဘက်က သူတို့ အနေနဲ့ ပုံမှန် နိုင်ငံတခုလို ပြုမူလိုပါတယ် ဆိုတာကို သက်သေပြနိုင်တဲ့ အခါမှာ ဆွေးနွေးဖို့ အမေရိကန်ဘက်က အသေအချာ ပြင်ဆင်ထားတယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

ဒါပေမယ့်လည်း အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif ကတော့ အမေရိကန်က ABC News network နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန်နဲ့ ဆွေးနွေးပွဲသစ် ဖြစ်မလာဖို့ များတယ်လို့ ပြောဆိုသွားပါတယ်။ ဆက်တိုက် ဖိအားပေးတဲ့ အနေနဲ့ ဆွေးနွေးပြောဆိုမှုဟာ အိမ်ခြံမြေ ဈေးကွက် အတွက် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အီရန်နဲ့ ဆွေးနွေးညှိနှိုင်းရာမှာတော့ အလုပ်မဖြစ်ဘူးလို့ အီရန်နိုင်ငံခြားရေး ဝန်ကြီး Zarif က ထပ်လောင်း ပြောဆိုပါတယ်။

အီရန်နဲ့ ဆွေးနွေးဖို့ ကန်လိုလား
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG