သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် မြန်မာစားကုန်တချို့ အမေရိကန် သတိပေး


အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံက တင်သွင်းနေတဲ့ အစားအသောက်တွေထဲက တရားမဝင် ဝင်ရောက်လာတဲ့ အသားစည်သွပ်ဗူးနဲ့ မုန့်ဟင်းခါးအနှစ်တချို့ကို မစားသင့်ဘူးလို့ အမေရိကန်အစိုးရက သတိပေးလိုက်ပါတယ်။

အဖွားလက်ရာ အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးအစုံ၊ စံပြဒေါ်ကြည် မုန့်ဟင်းခါး အနှစ်၊ ထိမိဂွိ မော်လမြိုင် မုန့်ဟင်းခါးအနှစ်တွေကို စားသုံး ရောင်းချခြင်းမပြုဖို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအောက်က စားသောက်ကုန် ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန FSIS က အများပြည်သူ သတိပေးချက်အနေနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစားအသောက်တွေ အိမ်မှာရှိနေရင် လွှင့်ပစ်လိုက်ဖို့နဲ့ ဝယ်ထားတဲ့ ဆိုင်တွေကို ပြန်ပေးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံက အသားငါးတွေ အမေရိကန်ပြည်ထောင်စုကို တင်သွင်းခွင့် မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ လွှင့်ပစ်သင့်တဲ့ အစားအသောက် စာရင်းအပြည့်အစုံကို FSIS ရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားပြီး အဲဒီအစားအသောက်ဗူး၊ အထုပ်တွေပေါ်မှာ တင်သွင်းခွင့် အမှတ်တဆိပ် တစုံတရာ မပါဘူးလို့ ပြောထားပါတယ်။ အမေရိကန်တဝန်းက ဈေးဆိုင်တွေကို တင်ပို့ဖြန့်ဖြူးနေတဲ့ ဒီအစားအသောက်တွေ အမေရိကန်ပြည်ထောင်စုထဲ ဘယ်လို ဝင်ရောက်လာသလဲဆိုတာကိုလည်း စားသောက်ကုန် ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန FSIS က ဆက်လက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။

ဈေးဆိုင်တခုကို ပုံမှန်စစ်ဆေးနေကျအတိုင်း FSIS စစ်ဆေးရေးဌာနက ဝင်ရောက်စစ်ဆေးစဉ် တင်သွင်းခွင့် မရှိတဲ့ မြန်မာနိုင်ငံက အသားဟင်း ငါးဟင်းနဲ့ ငါးခူနဲ့ချက်ထားတဲ့ မုန့်ဟင်းခါးအနှစ်တွေကို တွေ့ရှိခဲ့ ဖြစ်ပါတယ်။ အမေရိကန်အစိုးရက လွှင့်ပစ်လိုက်ဖို့ တိုက်တွန်းထားတဲ့ မြန်မာနိုင်ငံထွက် အစားအသောက်တွေစားလို့ နာမကျန်းဖြစ်တယ်ဆိုတဲ့ သတင်းအတည်ပြုချက်မျိုးတော့ မရှိကြောင်းနဲ့ ကျန်းမာရေး စိုးရိမ်သူတွေအနေနဲ့ ဆရာဝန်ကို ဆက်သွယ်ပြသဖို့လည်း စားသောက်ကုန် ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန FSIS က အကြံပြုထားပါတယ်။

Forum

XS
SM
MD
LG