သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yemen မှာ Saudi ဝင်မစွက်ဖို့ ကန်သတိပေး


၀န်ကြီး Tillerson
၀န်ကြီး Tillerson

၂ နှစ်ကြာ ပြည်တွင်းစစ်ဒဏ်ကြောင့် လူသားဘေးဒုက္ခအကျပ်အတည်းကြုံနေတဲ့ ယီမင်နိုင်ငံမှာ စစ်ရေးအရ ဝင်စွက်ဖက်တာတွေ ကိုရပ်ဆိုင်းဖို့ ဆော်ဒီ အာရေးဘီးယားနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တိုက်တွန်းလိုက်ပါတယ်။

သူတို့အနေနဲ့ နည်းနည်းပိုပြီး နှိုင်းနှိုင်းချိန်ချိန်လုပ်ဖို့နဲ့ စဉ်းစဉ်းစားစားလုပ်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်လို့ ဝန်ကြီး Tillerson က ပြောပါတယ်။ ယီမင်နိုင်ငံကို ပိတ်ဆို့ထားလိုက်တဲ့အကြောင်း ဆော်ဒီအာရေးဘီးယားက ပြီးခဲ့တဲ့လမှာ ကြေညာခဲ့တာပါ။

အဲဒီလိုပိတ်ဆို့ထားတာကို ဖယ်ရှားပြီး လူသားစာနာမှုအကူအညီတွေနဲ့ ကုန်စည်တင်သွင်းတာတွေကို ခွင့်ပြုရေး ဆော်ဒီအာရေး ဘီးယားကို ဖိအားပေးဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ညွှန်ကြားခဲ့ပြီး နှစ်ရက်အကြာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဝန်ကြီး Tillerson က အဲဒီလိုပြောတာပါ။

တိုက်ခိုက်တာတွေကို ချက်ခြင်းရပ်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့နဲ့ ယီမင်လူထုခံစားနေရတာတွေကို အဆုံးသတ်ဖို့ သက်ဆိုင်သူအားလုံးကို တောင်းဆိုချက်အသစ်တခုကိုလဲ သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဟူသီသူပုန်တွေက သူတို့ရဲ့ မဟာမိတ်ဟောင်းဖြစ်တဲ့ Ali Abdullah Saleh ကို သတ်ပစ်လိုက်တာအပါအဝင် ဆာနားမြို့မှာ နိုင်ငံ ရေးအတိုက်အခံတွေကို ရက်ရက်စက်စက် နှိပ်ကွပ်နေတာ၊ ဆော်ဒီအာရေးဘီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ တွေကို ဒုံးကျည်နဲ့ ရမ်းရမ်းကားကား ပစ်ခတ် တိုက်ခိုက်တာတွေကိုလဲ သမ္မတအိမ်ဖြူတော်က ပြစ်တင် ရှုတ်ချထားပါတယ်။

လူသားစာနာမှုအကူအညီတွေ အတားအဆီးမဲ့ပေးနိုင်ဖို့နဲ့ လောင်စာဆီအပါအဝင် အရေးကြီးတဲ့ကုန်ပစ္စည်းတွေ ယီမင်ဆိပ်ကမ်း အားလုံးကနေဝင်နိုင်အောင် လုပ်ပေးဖို့၊ ဆာနားလေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေအားလုံး ပြန်ဖွင့်ဖို့တို့ကိုလဲ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကို သမ္မတအိမ်ဖြူတော်က တိုက်တွန်းထားပါတယ်။

Yemen မှာ Saudi ဝင်မစွက်ဖို့ ကန်သတိပေး
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG