သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ဒုံးကျည်ဝယ်ယူမည့် တူရကီ ကန်သတိပေး


တူရကီ သမ္မတ Erdogan နဲ့ ရုရှားသမ္မတ Putin လက်ဆွဲ နှုတ်ဆက် (စက်တင်ဘာ၊ ၁၇၊ ၂၀၁၈)
တူရကီ သမ္မတ Erdogan နဲ့ ရုရှားသမ္မတ Putin လက်ဆွဲ နှုတ်ဆက် (စက်တင်ဘာ၊ ၁၇၊ ၂၀၁၈)

တူရကီနိုင်ငံဟာ ရုရှားရဲ့ S400 မစ်ဇိုင်းဒုံးစနစ်ကို ဝယ်ယူမယ်ဆိုရင် အမေရိကန်နဲ့ တူရကီအကြား စစ်ဘက်ဆက်ဆံမှုတွေမှာ အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က သတိပေးလိုက်ပါတယ်။

ပင်တဂွန်ဌာနချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Charlie Summers က သတင်းထောက်တွေကို မနေ့ကပဲပြောခဲ့တာပါ။

အဲဒီရိုက်ခတ်မှုတွေထဲမှာ တူရကီနိုင်ငံကို ရောင်းချနေတဲ့ အမေရိကန်ရဲ့ F35 ဂျက်တိုက်လေယာဉ်သစ်တွေ ရောင်းမယ့်ကိစ္စကိုပါ ထိခိုက်လာနိုင်တယ်လို့ဆိုပါတယ်။ ရုရှားဆီက S400 မစ်ဇိုင်းတွေကို တူရကီက ဝယ်မယ်ဆိုရင် အမေရိကန်ရဲ့ F35 တိုက် လေယာဉ်တွေကို ဝယ်မှာမဟုတ်တော့ဘူးလို့ Charlie Summers ကပြောပါတယ်။

S400 မစ်ဇိုင်းစနစ်ကို ဝယ်ယူဖို့ ၂၀၁၇ ခုနှစ်ကတည်းက တူရကီနဲ့ ရုရှား သဘောတူ လက်မှတ်ရေးထိုးထားတာပါ။ တချိန်ထဲမှာပဲ အမေရိကန်ရဲ့F35 တိုက်လေယာဉ် အစီအစဉ်ကိုလည်း တူရကီဘက်က ဘဏ္ဍာရေးအရ ကူညီမှုတွေရှိခဲ့ပြီး လေယာဉ် အစီး ၁၀၀ ဝယ်ယူဖို့စီစဉ်ထားတာပါ။

အခု သတင်းပတ်စောစောတုန်းက ဥရောပဆိုင်ရာ အမေရိကန်တပ်မှူးက အမေရိကန်လွှတ်တော် အမတ်တွေကို ပြောတဲ့ အထဲမှာတော့ အမေရိကန်ရဲ့ F35 လေယာဉ်တွေရောင်းချမယ့် အစီအစဉ်ကို ရှေ့မဆက်သင့်ဘူးလို့ သတိပေးခဲ့ပါတယ်။ ဒီလိုပြောပြီး နောက်တရက်အကြာမှာပဲ ရုရှားရဲ့ မစ်ဇိုင်းစနစ်တွေကို ဝယ်ယူမယ့်ကိစ္စ အခိုင်အမာရှိကြောင်း တူရကီသမ္မတ Recep Tayyip Erdogan ကထပ်ပြီး ပြောလိုက်တဲ့အပြင် S400 ထက်ပိုကောင်းတဲ့ S500 ကိုပါ တိုးချဲ့ပြီး ဝယ်ယူမယ်လို့ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG