သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာမလေဆင်နှာမောင်းကြီးကြောင့် ၆ ဦးသေဆုံး 


ဧရာမ လေဆင်နှာမောင်းကြီးကြောင့် အပျက်အစီးတွေများသွားခဲ့ (ဇန်နဝါရီ ၁၃၊ ၂၀၂၃)
ဧရာမ လေဆင်နှာမောင်းကြီးကြောင့် အပျက်အစီးတွေများသွားခဲ့ (ဇန်နဝါရီ ၁၃၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဒေသတလျှောက် ဧရာမ လေဆင်နှာမောင်းကြီး မနေ့ ကြာသပတေးနေ့က ဝင်ရောက် တိုက်ခတ်သွားခဲ့လို့ Alabama ပြည်နယ် အလယ်ပိုင်းမှာ လူ ၆ ဦးထက်မနည်း သေဆုံးသွားပါတယ်။ သမိုင်းဝင် Selma မြို့မှာ သင်ပင်တွေ အမြစ်က ကျွတ်ထွက်ကုန်ပြီး နေအိမ်အမိုးတွေ လန်သွားခဲ့ပါတယ်။

ဂျော်ဂျီယာ ပြည်နယ်မှာလည်း လေပြင်းမုန်တိုင်းကြောင့် လူတစ်ယောက် သေဆုံးပြီး လူတွေ သိန်းနဲ့ချီ လျှပ်စစ်မီးမရဘဲ ဖြစ်နေပါတယ်။ Selma မြို့ကနေ အရှေ့မြောက်ဘက် ၆၆ မိုင်အကွာ Autauga ခရိုင်တစ်ခုတည်းမှာတင် သေဆုံး ၆ ဦးထက်မနည်း ရှိပြီး အိမ်ခြေ ၄၀ လောက် ထိခိုက် ပျက်ဆီးခဲ့တဲ့အကြောင်း ခရိုင် အရေးပေါ် စီမံ ဆောင်ရွက်မှုဆိုင်ရာ ညွန်ကြားရေးမှူး Ernie Baggett က အတည်ပြု ပြောဆိုပါတယ်။

လေဆင်နှာမောင်း ဖြတ်တိုက်သွားတဲ့ လမ်းကြောင်းက မိုင် ၂၀ လောက် ရှည်ပြီး ကျေးလက်တောရွာ နှစ်ခုကို ဖြတ်တိုက်သွားတာပါ။ ရွှေ့ပြောင်း နေရာချလို့ရတဲ့ မိုဘိုင်းအိမ်တွေ အတော်များများ လေထဲ ပါသွားပြီး ဒဏ်ရာရသူ ၁၂ ဦးထက်မနည်း ရှိပြီး ဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူရတဲ့အထိ ဒဏ်ရာ ပြင်းထန်တယ်လို့လည်း Ernie Baggett က အေပီတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက လဲကျနေတဲ့ သစ်ပင်တွေကို ပိုင်းဖြတ် ရှင်းလင်းပြီး အကူအညီ လိုအပ်သူတွေကို လိုက်လံ ရှာဖွေ ကူညီပေးနေတယ်လို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}





XS
SM
MD
LG