သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဂျီယာနှင်းမုန်တိုင်း သမ္မတအိုဘားမား အရေးပေါ်အခြေအနေ ကြေညာ


ဖေဖော်ဝါရီ ၃၊ ၂၀၁၄
ဖေဖော်ဝါရီ ၃၊ ၂၀၁၄
အေးခဲလှတဲ့ နှင်းမုန်တိုင်းတိုက်မယ်လို့ မိုးလေဝသခန့်မှန်းသူတွေ ကြိုတင်ခန့်မှန်းထားတဲ့ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက Georgia ပြည်နယ်ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

ပြည်နယ်ထဲက မြို့တွေ အဝေးပြေး လမ်းမကြီးတွေပေါ်မှာ နှင်းတွေခဲပြီး ရေခဲတွေ ဖုံးလွှမ်းသွားနိုင်တဲ့ အခြေအနေ ရှိနေတာကို ပြည်နယ်အစိုးရက ရှင်းနိုင်ဖို့ ပြည်ထောင်စုအစိုးရရဲ့ ဘဏ္ဍာသုံးစွဲခွင့် သမ္မတက ခွင့်ပြုခဲ့ပါတယ်။ နှင်းမုန်တိုင်းကြောင့် သစ်ပင်တွေ ဓာတ်မီးတိုင်တွေ ကျိုးကျ ပြိုလဲနိုင်ပြီး ထောင်ပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာနဲ့ ကြုံနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ကြာသပတေးနေ့ နေ့လည်ပိုင်းမရောက်ခင်အထိ Georgia ပြည်နယ်မှာ နှင်းမုန်တိုင်းအန္တရာယ်ရှိတယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အေးခဲတဲ့ လေပြင်းတိုက်ခတ်မှုတွေလည်း ဖြစ်နိုင်ပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း Alabama ပြည်နယ်ကနေ Virginia ပြည်နယ်အထိ ရေခဲမိုးတွေ၊ နှင်းတွေနဲ့ မုန်တိုင်းဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ Atlantic သမုဒ္ဒရာ အလယ်ပိုင်း အမေရိကန် အရှေ့ဘက်ခြမ်းကနေ အရှေ့မြောက်ပိုင်း New England မြို့အထိ ထူထပ်တဲ့ နှင်းတွေ ကြာသပတေးနေ့မှာ ကျမယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဟာ ပုံမှန်အားဖြင့် ပူနွေးတဲ့ရာသီရှိတာကြောင့် ကြမ်းတမ်းတဲ့ ဆောင်းရာသီအခြေအနေမျိုး ရင်ဆိုင်ဖို့ တခါတရံ အဆင်သင့် မရှိတတ်ပါဘူး။ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်က Atlanta ပြည်နယ်မှာ ဝင်တိုက်သွားတဲ့ ရေခဲမုန်တိုင်းကြောင့် မြို့ထဲက ယာဉ်အသွားအလာတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။
XS
SM
MD
LG