သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကျန် နိုင်-ကျဉ်းကော်မတီဖွဲ့ရေး အမေရိကန် ကြိုဆို


اس فیسٹیول کا آغاز 1998ء میں ہوا تھا اور ہر سال جولائی کے پہلے ہفتے میں اس کا انعقاد کیا جاتا ہے۔
اس فیسٹیول کا آغاز 1998ء میں ہوا تھا اور ہر سال جولائی کے پہلے ہفتے میں اس کا انعقاد کیا جاتا ہے۔
မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်မှုကော်မီတီ ဖွဲ့မယ့်အစီအစဉ်ကို အမေရိကန်အစိုးရ ကြိုဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၁ နှစ်ခွဲအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်လွှတ်ပေးခဲ့တာ အပါအဝင် ဦးသိန်းစိန် အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ဆောင်ရွက်မှုတွေမှာ တိုးတက်မှုတွေ
ရှိလာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုမှာ အမေရိကန်အနေနဲ့ ထောက်ခံသွားမယ်လို့လည်း ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အလားတူပဲ Amnesty Internatonal လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မီတီဖွဲ့မယ့် အစီစဉ်ကို ကြိုဆိုလိုက်ပါတယ်။ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီဖွဲ့ဖို့ သမ္မတရဲ့ ညွှန်ကြားမှုဟာ မှန်ကန်တယ်လို့ Amnesty က သောကြာနေ့မှာ တုံ့ပြန်လိုက်ပါတယ်။

ဒါပေမဲ့ ဒီကော်မတီအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေတင် မဟုတ်ဘဲ မမျှမတ ထောင်ချခံရသူ အားလုံးအတွက် ဖြစ်သင့်တယ်လို့ Amnesty International ရဲ့ အာရှ Pacific ဒေသ ဆိုင်ရာ ဒုညွှန်ကြားရေးမှုး Isabelle Arradon ကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေထဲက ပြန်လွှတ် ပေးသင့် မသင့် စိစစ်တဲ့ကော်မတီကို ဖွဲ့မယ်လို့ ကြာသာပတေးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ကော်မတီအနေနဲ့ တရားလက်လွတ် ဖမ်းဆီး မှုတွေကို အဆုံးသပ်ရေး၊ အကျဉ်းသားတွေနဲ့ ဖမ်းဆီးခံထားရသူတွေ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးတို့အတွက်ပါ ခိုင်မာတဲ့လုပ်ပိုင်ခွင့်တွေ ရှိသင့်တယ်လို့ Arradon ကပြောပါတယ်။

မမျှမတ တရားစီရင်ခံရသူတွေ၊ နိုင်ငံတကာလူ့အခွင့်အရေး စံချိန် စံနှုန်းတွေနဲ့မညီတဲ့ တရား စီရင်မှု ကြောင့် ထောင်ကျနေတဲ့သူတွေ အားလုံးကိုလဲ ပြန်လည်စိစစ်ပေးဖို့ Amnesty International က တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ လေ့လာသုံးသပ်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Ojea Qunitana ဟာ တနင်္လာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။
XS
SM
MD
LG