သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ် ထုတ်ဖော်မှုကြောင့် အမေရိကန် အထိမနာ


ဝီကီလိခ် ထုတ်ဖော်မှုကြောင့် အမေရိကန် အထိမနာ
ဝီကီလိခ် ထုတ်ဖော်မှုကြောင့် အမေရိကန် အထိမနာ

ဝီကီလိခ် (Wikileaks) ဝက်ဘ်ဆိုက်က လုံခြုံရေးအရ ကန့်သတ် စာရွက်စာတမ်းတွေကို သိန်းချီ ထုတ်ပြန်လိုက်တာဟာ စိတ်ကသိကအောက် ဖြစ်စရာ ဖြစ်ပေမဲ့ ကြီးကြီးမားမား သက်ရောက်မှုတော့ မရှိပါဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောပါတယ်။

တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးအပေါ် အသင့်အတင့် သက်ရောက်မှုတော့ ရှိပါတယ်လို့ မစ္စတာ ဂိတ်စ်က ဝါရှင်တန်မှာ သတင်းထောက်တွေကို အင်္ဂါနေ့က ပြောခဲ့တာပါ။

နောက်ထပ် ထပ်ပြီး စာရွက်စာတမ်းတွေ ထွက်မသွားရအောင် သံတမန်တွေရဲ့ ကြေးနန်းစာကို ကာကွယ်ရေး ဝန်ကြီးဌာနက ဝင်ရောက် ကြည့်ရှုနိုင်ခွင့်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့က ဖြတ်တောက်ပစ်လိုက်ပါတယ်။

အခုလို စာရွက်စာတမ်းတွေ ထွက်သွားတာဟာ စစ်တပ်ရဲ့ လျှို့ဝှက်ကွန်ယက်ထဲကို ဝင်ကြည့်နိုင်တဲ့ ယခင် ထောက်လှမ်းရေးဆိုင်ရာ ပိုင်းခြားသုံးသပ်သူ တယောက်ကြောင့် ဖြစ်တယ်လို့ တာဝန်ရှိသူတွေက သံသယ ရှိနေကြပါတယ်။

ဒီအချိန်မှာပဲ ကြေးနန်းစာတွေကို အင်တာနက် စာမျက်နှာပေါ် တင်ခဲ့တဲ့ ဝီကီလိခ် ဝက်ဘ်ဆိုက်ဟာ အင်အားကောင်းကောင်းနဲ့ အတိုက်ခံရတယ်လို့ ဝက်ဘ်ဆိုက် တာဝန်ရှိသူတွေက ပြောပါတယ်။

သူတို့က အခုလို တိုက်ခိုက်ခံရတာကို တွစ်တာ အင်တာနက် စာမျက်နှာပေါ်မှာ အင်္ဂါနေ့က ပြောခဲ့ကြတာပါ။ ၃ ရက်အတွင်းမှာ ဒုတိယ အကြိမ်မြောက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

အခုလို တခြားသူတွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို ခိုးဝင်ကြသူတွေကို ဟက်ကာလို့ ခေါ်ပါတယ်။ အမေရိကန်ရဲ့ သံတမန် ကြေးနန်းစာတွေကို အင်တာနက်ပေါ် မတင်မီ တနင်္ဂနွေနေ့က ဟက်ကာတွေဟာ ဝီကီလိခ်ကို တိုက်ခိုက်ခဲ့ကြပါသေးတယ်။

XS
SM
MD
LG