သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယားက တပ် မရုပ်သရွေ့ ရုရှားအပေါ် ကန်ဒဏ်ခတ်မည်


ယူကရိန်းနယ်စပ်ကို တပ်စွဲချထားတဲ့ ရုရှားတပ်များ
ယူကရိန်းနယ်စပ်ကို တပ်စွဲချထားတဲ့ ရုရှားတပ်များ

ယူကရိန်းအရှေ့ခြမ်းနဲ့ ခရိုင်းမီယား ဒေသမှာ ရုရှားအစိုးရရဲ့ စစ်တပ်တွေကို ရုပ်သိမ်းခြင်း မရှိသရွေ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောကြားခဲ့ပါတယ်။

Mr. Tillerson ဟာ သြစတြီးယားနိုင်ငံကို ရောက်ရှိနေပြီး မြို့တော် ဗီယက်နာမှာ ဥရောပနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး OSCE အစည်းအဝေးကို တက်ရောက်နေတာဖြစ်ပါတယ်။ ဆွေးနွေးပွဲအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကလည်း အရှေ့ခြမ်းမှာ ဖြစ်နေတဲ့ စိုးရိမ်မကင်းဖြစ်ရတဲ့ အကြမ်းဖက်မှုမှာ ယူကရိန်းကသာ တာဝန်အပြည့်ရှိကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

အစည်းအဝေးမတိုင်ခင်မှာတော့ Mr. Tillerson က ယူကရိန်းဒေသတွင်း ရုရှားရဲ့လှုပ်ရှားမှုတွေဟာ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ အခက်အခဲဆုံးတားဆီးမှု တခုဖြစ်နေကြောင်း ပြောဆိုခဲ့ပါတယ်။ OSCE အစည်းအဝေးပြင်ပ နှစ်နိုင်ငံ ဝန်ကြီးတွေ သီးသန့်တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ အသေးစိတ်ကို ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပါဘူး။

၂၀၁၆ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားက အင်တာနက် ဆိုက်ဘာနဲ့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေချိန်ဟာ အခု ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲနဲ့ တိုက်ဆိုင်နေတာပါ။ ရုရှားဘက်ကတော့ စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG