သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ကုလ ရှေ့မတိုးနိုင်လျှင် အမေရိကန် ဆက်လုပ်မည်


ကုလသမဂ္ဂမှာ သံတမန်ရေးအရ ဘာမှမလုပ်နိုင် ဖြစ်နေတာကြောင့် ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်နေတာကို တုံ့ပြန်အရေးယူဖို့ကိစ္စကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စု ပြောလိုက်ပါတယ်။

ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အလားအလာရှိနေတဲ့ ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံရဲ့ သံတမန်ကိုယ်စားလှယ်တွေဟာ စတင်ဆွေးနွေးနေကြပါတယ်။
ဆီးရီးယားအနီးမှာ ရှိနေတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နဲ့ နေတိုးတပ်ဖွဲ့တွေ
ဆီးရီးယားအနီးမှာ ရှိနေတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နဲ့ နေတိုးတပ်ဖွဲ့တွေ

အဓိပ္ပါယ်ရှိတဲ့ အရေးယူ လုပ်ဆောင်ချက် မှန်သမျှ ရုရှားဘက်က ဆန့်ကျင်မှာဖြစ်တာကြောင့် ဆီးရီးယားမှာ ရှေ့တိုးစရာ လမ်းမမြင်ဘူးလို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိူးသမီး မာရီ ဟဖ် (Mari Harf) က ပြောသွားပါတယ်။

ဒါ့အပြင် ဆီးရီးယားအစိုးရအနေနဲ့ ရုရှားကို အကာအကွယ်ယူထားဖို့ မရနိုင်တော့ဘူးလို့လည်း ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုကိုယ်တိုင် ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ဝါရှင်တန်အစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့လည်း ဟဖ် က ပြောပါတယ်။

Damascus မြို့တော်မှာ ဓာတုလက်နက်တွေ အသုံးပြုခြင်း ရှိ - မရှိ စစ်ဆေးစုံစမ်းတာမျိုး မတိုင်ခင် ကုလသမဂ္ဂဘက်က ဆီးရီးယားကို အရေးယူမယ့်ကိစ္စဟာ အချိန်စောမှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
XS
SM
MD
LG