သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မြောက်ပိုင်း အင်အားပြင်း မုန်တိုင်း ဝင်ရောက်


အမေရိကန်မြောက်ပိုင်း အင်အားပြင်း မုန်တိုင်း ဝင်ရောက်
အမေရိကန်မြောက်ပိုင်း အင်အားပြင်း မုန်တိုင်း ဝင်ရောက်

အမေရိကန်ပြည်ထောင်စုမှာ အင်အားပြင်း နှင်းမုန်တိုင်းတခုဟာ နိုင်ငံရဲ့ မြောက်ဘက်ခြမ်း အလယ်ပိုင်းကနေ အင်မတန် အေးခဲတဲ့ အအေးမှတ်နဲ့အတူ လေပြင်းတွေ၊ ဆီးနှင်းတွေနဲ့ အရှေ့ပိုင်းကို ဝင်ရောက်လာနေပါတယ်။

အီလီနွိုက်စ် (Illinois)၊ အိုင်အိုဝါ (Iowa)၊ မီချီဂန် (Michigan)၊ မင်နီဆိုးတား (Minnesota) နဲ့ ဝစ်စ်ကွန်စင် (Wisconsin) စတဲ့ ပြည်နယ် ၅ ခုမှာ နှင်းမုန်တိုင်း သတိပေးချက်တွေကို မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

လေကြောင်းပျံသန်းမှု ရာပေါင်းများစွာကို ဖျက်သိမ်းထားပြီး ပြည်နယ် ၅ ခုထဲက လမ်းတွေ တော်တော်များများကိုလည်း တာဝန်ရှိသူတွေက ပိတ်ထားပါတယ်။

ဝစ်စ်ကွန်စင်ပြည်နယ်မှာဆိုရင် ပြည်နယ်တခုလုံးမှာ ခရီးသွား သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။ အိုင်အိုဝါ ပြည်နယ်မှာတော့ အိမ်ခြေ ၁,၀၀၀ ကျော်မှာ မီးပျက်နေကြပါတယ်။

XS
SM
MD
LG