သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္ အေရွ႕ေတာင္ပိုင္း ျပည္နယ္ေတြမွာ ႏွင္းမုန္တိုင္းအႏၲရာယ္အတြက္ ႀကိဳတင္ျပင္ဆင္


ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္က လမ္းတခုမွာ ႏွင္းေတြ ပိတ္ဖုံးေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၃၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု အေနာက္အလယ္ပိုင္းက တိုက္ခတ္လာမယ့္ ႏွင္းမုန္တိုင္းဟာ အေရွ႕ေတာင္ပိုင္း ျပည္နယ္ေတြကို တနဂၤေႏြေန႔မွာ ဝင္ေရာက္လာဖို႔ ခန္႔မွန္းထားတာေၾကာင့္ ႀကိဳတင္ျပင္ဆင္ေနၾကၿပီး ရာသီဥတု ဆိုးရြားႏိုင္တဲ့ တခ်ဳိ႕ျပည္နယ္ေတြမွာ အေရးေပၚ အေျခအေနေတြ ေၾကညာထားပါတယ္။

“ျပည္နယ္တေလွ်ာက္ ႀကီးမားတဲ့ ႐ိုက္ခတ္မႈေတြ ႀကံဳရလိမ့္မယ္လို႔ မိုးေလဝသ ပညာရွင္ေတြ ခန္႔မွန္းထားပါတယ္။ ႀကိဳတင္ျပင္ဆင္မထားရေသးတဲ့သူေတြ အေနနဲ႔လည္း ျပင္ဆင္ထားဖို႔ အခ်ိန္ေရာက္ေနပါၿပီ။” လို႔ ေျမာက္ကယ္႐ိုလိုင္းနားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Roy Cooper ေျပာသြားတာပါ။

ဒီလဆန္းက အေဝးေျပး လမ္းမႀကီးတေလွ်ာက္မွာ ေထာင္ခ်ီတဲ့ ယာဥ္တန္းႀကီး ပိတ္မိခဲ့တဲ့ ဗာဂ်ီးနီးယားျပည္နယ္မွာလည္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Ralph Northam က အေရးေပၚ အေျခအေန ေၾကညာထားၿပီး မုန္တိုင္းအႏၲရာယ္ကို ဂ႐ုစိုက္ၾကဖို႔ သတိေပးထားပါတယ္။

အလ်င္အျမန္ ေရြ႕လ်ားလာတဲ့ ႏွင္းမုန္တိုင္းေၾကာင့္ ေသာၾကာေန႔တုန္းက အေနာက္အလယ္ပိုင္း ျပည္နယ္ေတြမွာ ႏွင္းေတြ အႀကီးအက်ယ္က်ၿပီး ေက်ာင္းေတြ ပိတ္လိုက္ရလို႔ တခ်ဳိ႕အတန္းေတြကို အြန္လိုင္းက သင္ခဲ့ရပါတယ္။

အဲဒီမုန္တိုင္းက အုိင္အုိဝါျပည္နယ္ကို အဆိုးဆုံး ႐ိုက္ခတ္ခဲ့ပါတယ္။ အိုင္အိုဝါက Des Moines ၿမဳိ႕ ေလဆိပ္မွာ ႏွင္းက ၁၄ လက္မအထိ က်ခဲ့တာပါ။ အီလီႏြိဳင္းျပည္နယ္ ခ်ီကာဂိုၿမဳိ႕မွာဆိုရင္လည္း ႏွင္းရွင္းမယ့္ ထရပ္ကား အစီး ၂၀၀ ေလာက္ အသင့္ ျပင္ဆင္ထားပါတယ္။ Tennessee ျပည္နယ္မွာေတာ့ ႏွင္းက ၆ လက္မအထိ က်ႏိုင္တယ္လို႔ ခန္႔မွန္းပါတယ္။

ရာသီဥတု ဆိုးရြားမယ့္ ခန္႔မွန္းခ်က္ေတြေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ တနဂၤေႏြေန႔ ေျပးဆြဲမယ့္ ေလယာဥ္ခရီးစဥ္ ၁,၀၀၀ ေလာက္ ဖ်က္သိမ္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အမေရိကန် အရှေ့တောင်ပိုင်း ပြည်နယ်တွေမှာ နှင်းမုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းက တိုက်ခတ်လာမယ့် နှင်းမုန်တိုင်းဟာ အရှေ့တောင်ပိုင်း ပြည်နယ်တွေကို တနင်္ဂနွေနေ့မှာ ဝင်ရောက်လာဖို့ ခန့်မှန်းထားတာကြောင့် ကြိုတင်ပြင်ဆင်နေကြပြီး ရာသီဥတု ဆိုးရွားနိုင်တဲ့ တချို့ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေတွေ ကြေညာထားပါတယ်။

“ပြည်နယ်တလျှောက် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ကြုံရလိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေ ခန့်မှန်းထားပါတယ်။ ကြိုတင်ပြင်ဆင်မထားရသေးတဲ့သူတွေ အနေနဲ့လည်း ပြင်ဆင်ထားဖို့ အချိန်ရောက်နေပါပြီ။” လို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Roy Cooper ပြောသွားတာပါ။

ဒီလဆန်းက အဝေးပြေး လမ်းမကြီးတလျှောက်မှာ ထောင်ချီတဲ့ ယာဉ်တန်းကြီး ပိတ်မိခဲ့တဲ့ ဗာဂျီးနီးယားပြည်နယ်မှာလည်း ပြည်နယ်အုပ်ချုပ်ရေးမှူး Ralph Northam က အရေးပေါ် အခြေအနေ ကြေညာထားပြီး မုန်တိုင်းအန္တရာယ်ကို ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။

အလျင်အမြန် ရွေ့လျားလာတဲ့ နှင်းမုန်တိုင်းကြောင့် သောကြာနေ့တုန်းက အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ နှင်းတွေ အကြီးအကျယ်ကျပြီး ကျောင်းတွေ ပိတ်လိုက်ရလို့ တချို့အတန်းတွေကို အွန်လိုင်းက သင်ခဲ့ရပါတယ်။

အဲဒီမုန်တိုင်းက အိုင်အိုဝါပြည်နယ်ကို အဆိုးဆုံး ရိုက်ခတ်ခဲ့ပါတယ်။ အိုင်အိုဝါက Des Moines မြို့ လေဆိပ်မှာ နှင်းက ၁၄ လက်မအထိ ကျခဲ့တာပါ။ အီလီနွိုင်းပြည်နယ် ချီကာဂိုမြို့မှာဆိုရင်လည်း နှင်းရှင်းမယ့် ထရပ်ကား အစီး ၂၀၀ လောက် အသင့် ပြင်ဆင်ထားပါတယ်။ Tennessee ပြည်နယ်မှာတော့ နှင်းက ၆ လက်မအထိ ကျနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ရာသီဥတု ဆိုးရွားမယ့် ခန့်မှန်းချက်တွေကြောင့် အမေရိကန်ပြည်ထောင်စုမှာ တနင်္ဂနွေနေ့ ပြေးဆွဲမယ့် လေယာဉ်ခရီးစဉ် ၁,၀၀၀ လောက် ဖျက်သိမ်းထားပါတယ်။

XS
SM
MD
LG