သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အရှေ့မြောက်ဒေသ ဆီးနှင်းမုန်တိုင်းဝင်ရောက်

Winter Weather
1/6 Winter Weather
Winter Weather
2/6 Winter Weather
us snow storm
3/6 us snow storm
Winter Weather
4/6 Winter Weather
FILE - Cars make their way through the George Washington bridge in New York City. New York and some other parts of the U.S. Northeast could be covered with more than 60 centimeters of snow in the coming days.
5/6 FILE - Cars make their way through the George Washington bridge in New York City. New York and some other parts of the U.S. Northeast could be covered with more than 60 centimeters of snow in the coming days.
Children play in Central Park as it snows in the Manhattan borough of New York January 26, 2015. Winter Storm Juno has brought blizzard warning for New York and much of the North East United States.     REUTERS/Carlo Allegri   (UNITED STATES - Tags: SOCIE
6/6 Children play in Central Park as it snows in the Manhattan borough of New York January 26, 2015. Winter Storm Juno has brought blizzard warning for New York and much of the North East United States. REUTERS/Carlo Allegri (UNITED STATES - Tags: SOCIE
Previous slide
Next slide

အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းမှာ တိုက်ခတ်နေတဲ့ ဆီးနှင်းမုန်တိုင်းက လူသန်းပေါင်း ၆၀ ကျော်ကို ရိုက်ခတ်ပြီး လေယာဉ်ခရီးစဉ် ၇၇၀၀ ကျော်ကို ဖျက်ပစ်ခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့အထိ လေယာဉ်ခရီးစဉ် တော်တော်များများကို ရပ်နားထားရမှာ ဖြစ်ပါတယ်။

အမေရိကန်လူဦးရေရဲ့ ၂၀ % ကို ထိခိုက်မှုရှိတဲ့ ဒီဆီးနှင်းမုန်တိုင်းကြောင့် အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်းက ပြည်နယ် ၆ ပြည်နယ်ဖြစ်တဲ့ New York၊ New Jersey၊ Connecticut၊ Rhode Island၊ Massachusetts နဲ့ New Hampshire ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေ ကြေညာထားရပြီး ကျောင်းတွေ၊ အစိုးရရုံးတွေ ပိတ်ထားရပါတယ်။ မုန်တိုင်းအစွန်အဖျားပဲထိတဲ့ Washington မြို့တော် တဝိုက်မှာတော့ အင်္ဂါနေ့မှာ ပြည်ထောင်စု အစိုးရရုံးတက်ချိန်ကို ၂ နာရီ နောက်ဆုတ်ထားသလို ကျောင်းတွေလည်း ပိတ်ထားပါတယ်။

မုန်တိုင်းရဲ့ အဆိုးဆုံးအခြေအနေက တနင်္လာနေ့ညမှာ ကျော်လွန်သွားပြီး တချို့နေရာတွေမှာ နှင်းအထူ ၃ ပေ လောက် ကျနိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ခဲ့တာလောက် မပြင်းထန်ခဲ့ပါဘူး။ New York မြို့လည်က Manhattan Central Park ပန်းခြံမှာ အင်္ဂါနေ့အစောပိုင်း တိုင်းတာချက်အရ နှင်းအထူ ၅ လက်မခွဲလောက်ကျပြီး Long Island မှာ ၉ လက်မနီးပါး နှင်းကျထားပါတယ်။

Boston မြို့ Nantucket Memorial လေဆိပ်မှာ လေပြင်းအား တနာရီမိုင် ၇၀ နှုန်းနဲ့ တိုက်ခတ်နေပြီး New Jersey ပြည်နယ် အုပ်ချုပ်ရေးမှူးက အများပြည်သူကို အိမ်ပြင်မထွက်ကျဖို့ သတိပေးထားပါတယ်။ လမ်းတွေမချော်အောင် လုပ်တဲ့အနေနဲ့ လမ်းမပေါ်မှာ ဆားဖြူးတဲ့ကားတွေ အဆက်မပြတ် သွားလာနေကြပြီး နှင်းရှင်းတဲ့ကားတွေလည်း နှင်းတွေကို လမ်းမတွေပေါ်ကနေ လိုက်ကော်နေတာပါ။

Washington မြို့တော်က အောက်လွှတ်တော်ရဲ့ တနင်္လာနဲ့ အင်္ဂါ မဲပေးမှုတွေကို ဖျက်သိမ်းထားပြီး New York ကုလသမဂ္ဂ ရုံးချုပ်ကိုလည်း တနင်္လာ၊ အင်္ဂါ ၂ ရက် ပိတ်ထားတာပါ။ နှင်းနဲ့ပိတ်ပြီး အိမ်မှာနေနေကြရတဲ့ သူတွေကတော့ လူမှုကွန်ယက်ကနေ သူတို့ စိတ်ပျက်လက်ပျက် ဖြစ်နေရတဲ့ အခြေအနေကို ပြောကြပါတယ်။

ဒီဆီးနှင်းမုန်တိုင်းနဲ့ ပတ်သတ်တဲ့ hashtags #blizzardof2015, #Snowmageddon 2015 နဲ့ #Snowpocalypse ဆိုတာတွေက သူတို့ရဲ့ လူမှုကွန်ယက်တွေပေါ်မှာ အတွေ့ရဆုံး စာလုံး ဖြစ်နေပါတယ်။

XS
SM
MD
LG