သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး စိန်ခေါ်မှုများ ရှိဆဲ - အထက်လွှတ်တော် အမတ် McConnell


အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell ။
အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell ။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဆောင်နေပေမဲ့လည်း စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ထွန်း လာဖို့အတွက် စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း အမေရိကန် ထိပ်တန်းအထက်လွှတ်တော် အမတ်တဦးက သတိပေးလိုက်ပါတယ်။ မူဆလင် ရိုဟင်ဂျာ ပြဿနာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ အခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေလို ပြုပြင်ရမယ့် ကိစ္စတွေ အမြောက်အများ ရှိနေဆဲ ဖြစ်တဲ့အကြောင်း အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ဒီကနေ့ပဲ ပြောကြားခဲ့တာပါ။

ရှေ့လာမယ့် လတွေအတွင်း မြန်မာနိုင်ငံမှာ ဘာတွေဖြစ်လာမလဲဆိုတာကို အမေရိကန် ပြည်ထောင်စုအနေနဲ့ အဆက်မပြတ် စောင့်ကြည့်သွားမှာ ဖြစ်သလို၊ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာအောင်လည်း တတ်နိုင်သမျှ အားပေးသွားမှာ ဖြစ်တဲ့အကြောင်း အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်ပါတီရဲ့ လူများစုခေါင်းဆောင် McConnell က ပြောကြားသွားခဲ့တာပါ။

ပြုပြင်ပြောင်းလဲရေးတွေရဲ့ ရလဒ်တွေဟာ မြန်မာနိုင်ငံနဲ့ အမေရိကန်နဲ့ သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေးအရ ဆက်ဆံရေးတွေအပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။ အမေရိကန် သမ္မတ Barak Obama အစိုးရကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်လာခဲ့ပြီး နောက်မှာပဲ ထိတွေ့ဆက်ဆံမှုတွေ ပိုမိုလုပ်ဆောင် လာခဲ့သလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် အမေရိကန်က စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် ထားတာတွေကိုလည်း လျှော့ချပေးထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG