အလက်စကာမှာမြင်ရတဲ့ ဥတ္တရအလင်းတန်း
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃ ခုနှစ်က အစိမ်းရောင်အပါအဝင် လှပဆန်းကြယ်တဲ့အရောင်တွေနဲ့ ဥတ္တရအလင်းတန်းတွေ အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းစွန်း အလက်စကာကောင်းကင်မှာ ပေါ်ထွက်နေပုံတွေ လူမှုကွန်ရက်တွေမှာ အများကြီးတွေ့ရပါတယ်။ အင်္ဂလိပ်လို နော့သန်းလိုက်စ် နောက်တမျိုး အော်ရိုရာဘိုရီရားလပ်စ် ဆိုတဲ့ မြောက်ပိုင်းအလင်းတန်းများကို ဒေသစံတော်ချိန် တနင်္ဂနွေည ၇ နာရီကနေ နောက်တနေ့ မနက် ၆ နာရီအထိ တွေ့ခဲ့ရပါတယ်။