သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုးရွားတဲ့ ဆီးရီးယားအခြေအနေ ကန်-ရုရှား သဘောတူညီဖို့ နီးကပ်


ဂျနီဗာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တွေ့ဆုံ။ (သြဂုတ် ၂၆၊ ၂၀၁၆)
ဂျနီဗာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တွေ့ဆုံ။ (သြဂုတ် ၂၆၊ ၂၀၁၆)

ဆီးရီးယားနိုင်ငံမှာ ဖေဖေါ်ဝါရီလတုန်းက အပစ်ရပ်သဘောတူညီမှု ရခဲ့ပြီးတဲ့နောက် ခဏတာ ငြိမ်းချမ်းမှု ရခဲ့ပေမယ့် အခု ဆီးရီးယားရဲ့ အခြေနေဟာ သိပ်ကို ဆိုးဝါးနေတယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သောကြာနေ့ မှာ ပြောပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ရုရှားတို့ဟာ ပိုပြီး ရေရှည်တည်တံ့နိုင်မယ့် သဘောတူညီချက် အသစ်တခုရဖို့အရေး ပိုမိုနီးစပ်လာပြီလို့ ပြောပါတယ်။

ဂျနီဗာမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တွေ့ဆုံအပြီးမှာ ဝန်ကြီးကယ်ရီက အခုလို ပြောကြားလိုက်တာပါ။ နိုင်ငံခြားရေး ဝန်ကြီး ၂ ဦးဟာ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ ဆီးရီးယားမှာ ရှိတဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို ခြေမှုန်းနိုင်ဖို့ အချက်အလက် မျှဝေရေးအတွက် အဖြေရှာဖို့ ကြိုးစားနေကြတာပါ။

ဖေဖေါ်ဝါရီ တုန်းက ရခဲ့တဲ့ သဘောတူညီချက်နောက်ပိုင်း ဆီးရီးယားတွေ အတွက် တည်ငြိမ်အေးချမ်းမှုတွေ ရခဲ့ပေမယ့် အပစ်ရပ်ရေး သဘောတူညီချက် ဟာ မျှော်လင့် ထားသလိုမဟုတ်ပဲ ကျိုး ပျက်ချိန်မှာ တော့ တည်ငြိမ်မှုတွေ ပျောက်ကွယ် ခဲ့ရတယ်လို့လည်း ဝန်ကြီး ကယ်ရီက ပြောပါတယ်။

ဆီးရီးယား ပြည်တွင်းစစ် အဖြေရှာရေးမှာ စစ်ရေးနဲ့ မဖြေရှင်းနိုင်ကြောင်း ၂ ဖက် သဘောတူညီမှု ရခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ သီတင်း ပါတ်တွေ အတွင်း ဆွေးနွေးမှုတွေ ဟာ မျှတပြီး အပြုသဘောဆောင်တယ်လို့ ပြောပါတယ်။ အဖွဲ့တွေကြား နက်နက်ရှိုင်းရှိုင်း မယုံမကြည် ဖြစ်နေတာတွေ ကျော်လွှားနိုင်ဖို့ ကျန်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကို လာမယ့် ရက်အနည်းငယ် အတွင်းမှာပဲပြေလည်အောင် လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးအဖြေမရှာပဲ တိုက်ခိုက်နေမှုတွေ အဆုံးသတ်မှာ မဟုတ်ပဲ နိုင်ငံရေးအဖြေရှာမှုကသာ ဆီးရီးယား ပြည်သူတွေရသင့်တဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ပုံမှန် အနေထားကို ရောက်နိုင်တဲ့ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့လည်း ဝန်ကြီးကယ်ရီက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG