သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အိုလံပစ် အမေရိကန် ဆုအများဆုံး ဆွတ်ခူး


အမေရိကန် အသင်း အားပေးသူများ ( သြဂုတ် ၁၉၊ ၂၀၁၆)
အမေရိကန် အသင်း အားပေးသူများ ( သြဂုတ် ၁၉၊ ၂၀၁၆)

ဘရာဇီးလ် နိုင်ငံမှာ ကျင်းပနေတဲ့၂၀၁၆ Rio အိုလံပစ် အားကစား ပြိုင်ပွဲမှာ ၁၄ ရက်မြောက်နေ့ ဖြစ်တဲ့ ဒေသစံတော်ချိန် သောကြာနေ့ ပြိုင်ပွဲတွေမှာ အမေရိကန်က ရွှေ ၃၇၊ ငွေ ၃၄၊ ကြေး ၃၂ နဲ့ ပထမနေရာမှာ ရှိနေပြီး၊ တရုတ်နိုင်ငံက ရွှေ ၂၂၊ ငွေ ၁၈၊ ကြေး ၂၅ နဲ့ ဒုတိယ။ ဗြိတိန်က ရွှေ ၂၄၊ ငွေ ၂၁၊ ကြေး ၁၃ နဲ့ တတိယ နေရာတွေမှာ ရှိပါတယ်။

အိုလံပစ် ပွဲတော် ၁၄ ရက်မြောက်နေ့ဖြစ်တဲ့ သောကြာနေ့ ပွဲစဉ်တွေထဲက အမျိုးသမီး ဝါတာပိုလို ကစားနည်းမှာ အမေရိကန်က ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။

ဂျမေကာ အပြေးချန်ပီယံ Usain Bolt ဟာ ဘရာဇီးလ် အိုလံပစ် အားကစားပွဲ မှာ နောက်ထပ် ရွှေတံဆိပ်တခု ထပ်ရသွားပါတယ်။ အခုဆိုရင် Bolt ဟာ အိုလံပစ် မီတာ ၂၀၀ နဲ့ မီတာ ၁၀၀ ပြေးပွဲတွေမှာ ရွှေဆုသုံးခု ဆက်တိုက်ရ ထားပါပြီ။ ဒေသစံတော်ချိန် သောကြာနေ့ ည ၉ နာရီခွဲမှာတော့ သူဟာ မီတာ ၄၀၀၊ ၄ ယောက် လက်ဆင့်ကမ်းအပြေးပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

တခြားပြိုင်ပွဲတွေမှာတော့ ဂျော်ဒန်နိုင်ငံက Ahmad Abughaush ဟာ ၆၈ ကီလိုဂရမ်တန်း တိုက်ကွမ်ဒိုပြိုင်ပွဲမှာ အနိုင်ရပြီး ရွှေ တံဆိပ် ဆွတ်ခူးတာကြောင့် ဂျော်ဒန်နိုင်ငံအတွက် ပထမဆုံးအကြိမ် အိုလံပစ်ဆုတံဆိပ်တခု ရသွားပါတယ်။ အမျိုးသား သဲသောင် ပြင် ဘောလီဘောပြိုင်ပွဲမှာ အိမ်ရှင် ဘရာဇီးလ်အသင်းက အီတလီအသင်းကိုအနိုင်ရပြီး ရွှေဆုရပါတယ်။ ဒိုင်ဗင်ပြိုင်ပွဲတွေမှာ တော့ စုစုပေါင်း ပြိုင်ပွဲ ခုနစ်ပွဲမှာ တရုတ်အသင်းက ခြောက်ပွဲအနိုင်ရ ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG