Usagi စူပါမုန်တိုင်းကြီးကြောင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနဲ့ ထိုင်ဝမ်ကျွန်းတို့မှာ လေပြင်းတိုက်ခတ်ပြီး မိုး သည်းထန်စွာ ရွာသွန်းနေပါတယ်။ လေတိုက်နှုန်း တနာရီ ၁၃၆ မိုင်ကျော်၊ လေပြင်းတိုက်နှုန်း တနာရီ ၁၅၅ မိုင်လောက်နဲ့ ဧရာမမုန်တိုင်းကြီးဟာ Luzon ကျွန်းဆွယ်ကို ဒီကနေ့ ဝင်တိုက်နေပါတယ်။
မုန်တိုင်းဗဟိုချက်က ဖိလစ်ပိုင် Batanes ကျွန်းတွေကို ဖြတ်ကျော်သွားတာနဲ့အတူ သစ်ပင်တွေကျိုးကျ၊ ဓာတ်အားလိုင်းတွေ ပြတ်တောက်ပြီး စိုက်ပျိုးခင်းတွေပျက်စီးခဲ့ပါတယ်။ အသေအပျောက် ဘယ်လောက် ရှိသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ထိုင်ဝမ်မှာတော့ မုန်တိုင်းမဝင်ခင်ထဲက လေယဉ်ခရီးစဉ်တွေကို ဖျက်ထားသလို ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။ မုန်တိုင်းကြောင့် ထိုင်ဝမ်းကျွန်းမြောက်ပိုင်းနဲ့ အရှေ့ဖက်ကမ်းရိုးတန်းမှာ မိုးသည်းထန်စွာ ရွာပြီး မြေပြိုမှုတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ မုန်တိုင်းရဲ့ အချင်းက မိုင်ပေါင်း ၆၈၀ ကျော်ရှိတဲ့ Usagi ဧရာမမုန်တိုင်းကြီးဟာ ဟောင်ကောင်နဲ့ တရုတ်တောင်ပိုင်း ကမ်းရိုးတမ်းကိုတည့်တည့်မဝင်ခင်မှာ အင်အားပျော့သွားမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီမှာလည်း မုန်တိုင်းအန္တရာယ်ကို အနီရောင်အဆင့် သတ်မှတ်ထားပြီး အပြင်းထန်ဆုံး မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
Usagi Typhoon မုန်တိုင်းကြီးဟာ Pacific သမုဒ္ဒရာထဲ ဒီနှစ်ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေထဲမှာ အင်အား အပြင်းထန်ဆုံးဖြစ်ပါတယ်။