သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAID အကြီးအကဲ ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေး


USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အကြီးအကဲ Mark Green
USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အကြီးအကဲ Mark Green

မြန်မာနိုင်ငံကို သုံးရက်ကြာခရီးရောက်ရှိနေတဲ့ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အကြီးအကဲ Mark Green က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး စားနပ်ရိက္ခာဖူလုံရေး၊ ဖွံ့ဖြိုးမှုအစီအစဉ်အပါအဝင် ရခိုင်ပြည်နယ်အရေးနဲ့ ဒုက္ခသည်အရေးစတာတွေကို အပြုသဘော ဆွေးနွေးခဲ့ တယ်လို့ ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့အမေရိကန်စင်တာမှာ ကျင်းပတဲ့ USAID အကြီးအကဲ Mark Green နဲ့ မီဒီယာစကားဝိုင်းဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

USAID အကြီးအကဲ Mark Green က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ တာဝန်ပေးချက်အရ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးထွက်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ ဒီကနေ့နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ရခိုင်ပြည်နယ်အရေး အပြုသဘော ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

"ကျနော် ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာပြည်ကိုလာခဲ့တာပါ။ ဒီနေ့မနက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ရော ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိသူတချို့နဲ့ပါ ကောင်းကောင်းဆွေးနွေးဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို လက်တွေ့ ကိုင်တွယ်နေရတဲ့ တာဝန်ရှိသူတွေနဲ့ အပြုသဘော ဆွေးနွေးခွင့်ရခဲ့ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်ပြီး အကျိုးအကြောင်း နားထောင်မယ်၊ လေ့လာ အကဲခတ်ပြီး နိုင်ငံခြားရေးဝန်ကြီးကိုတင်ပြဖို့ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ထိရောက်တဲ့ အခန်းကဏ္ဍ ကနေ ဘယ်လိုပံ့ပိုးမလဲ ဆိုတာကိုသုံးသပ်ပြီး မူဝါဒချမှတ်နိုင်ဖို့ဖြစ်ပါတယ်။”

USAID အကြီးအကဲ Mark Green ဟာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း Cox’s bazaar ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်း သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ ဆန္ဒအလျောက် ဘေးကင်း လုံခြုံ၊ သိက္ခာရှိစွာ နေရပ်ရင်းပြန်လာနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက တတ်အားသရွေ့ လူသား ချင်း စာနာမှုအကူအညီတွေပေးနိုင်ဖို့ ရန်ပုံငွေ ဒေါ်လာ ၄၄ သန်း ပံ့ပိုးဖို့ရှိတယ်လို့ ဆိုပါတယ်။အဲဒီ ဒေါ်လာ ၄၄ သန်းအနက် သန်း ၃၀ က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်တွေအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက တာဝန်ယူမှာဖြစ်ပြီး ဒေါ်လာ ၁၄ သန်းကတော့ မြန်မာပြည်တွင်း ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ် အတွက်လူသားချင်းစာနာမှုအထောက်အပံ့နဲ့ ဖွံ့ဖြိုးမှုအကူအညီအတွက်ဖြစ်ပါတယ်။

USAID ရဲ့ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှုအကူအညီတွေနဲ့ ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖြစ်တဲ့အကြောင်း Mr. Mark Green ကပြောပါတယ်။

“ကျနော်ဒီကိုလာရတာဟာ USAID အတွက် မြန်မာနိုင်ငံဟာ အရေးကြီးတဲ့နိုင်ငံဖြစ်လို့ပါပဲ။ ကျနော်တို့ နယ်ပယ် အတော်များများမှာ အကူအညီတွေပေးနေပါတယ်။ စားနပ်ရိက္ခာဖူလုံရေးနဲ့ ပတ်သက်ပြီး အကူအညီပေးနေတာ နှစ်အတော်ကြာခဲ့ပါပြီ။ ဒီ စားနပ်ရိက္ခာဖူလုံရေးနဲ့ပတ်သက်လို့ အတိုင်ပင်ခံပဂ္ဂိုလ် ဒေါ်အောင်ဆန်းစုက အလေး ပေး ဆွေးနွေးခဲ့တာပါ။ ဒါတင်မကပါဘူး။ ကမ္ဘာတဝန်းကျန်းမာရေးအစီအစဉ်တွေ၊ မြန်မာပြည်တွင်း အဆုတ် ရောဂါ ပပျောက်ရေးကျိုးပမ်းမှုတွေမှာ ကူညီနိုင်ကိုလည်း ကျနော်တို့ဂုဏ်ယူပါတယ်။”

မြန်မာပြည်တွင်း ဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးသက်ရောက်စေမယ့် တာဝန်သိ စီမံအုပ်ချုပ်ရေးစံနစ် ထွန်းကားစေဖို့အတွက်လည်း USAID က လူထုအခြေပြုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း Mark Green က ဆိုပါတယ်။ USADI ကနေ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်ကနေ ဒီနေ့အထိ ဖွံ့ဖြိုးမှု အကူအညီ စုစုပေါင်း ဒေါ်လာသန်း ၃၀၀ ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ USAID တာဝန်ရှိသူတွေကပြောပါတယ်။

USADI အကြီးအကဲ Mark Green နဲ့အတူ၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများအရေးဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mark Storella နဲ့ USAID လက်ထောက်အုပ်ချုပ်ရေးမှူး Gloria Steele လည်း လိုက်ပါလာခဲ့ပြီး မနက်ဖန်စနေနေ့မှာ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့သီစဉ်ထားပါတယ်။

USAID အကြီးအကဲ ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေး
please wait

No media source currently available

0:00 0:03:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG