သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အာဆီယံနဲ့စည်းဝေး


CAMBODIA-US-ASEAN-DIPLOMACY
CAMBODIA-US-ASEAN-DIPLOMACY

[[Zawgyi/Unicode]]

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antonly Blinken ဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Hun Sen နဲ့ သီးခြားစီတွေ့ဆုံခဲ့သလို တက်ရောက်လာတဲ့ ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း အစည်းအဝေးအပြင်ပန်းမှာ တဦးချင်းတွေ့ဆုံပါတယ်။

ဝန်ကြီး Blinken ဟာ ဖနွမ်းပင်ကိုရောက်နေတဲ့ EU ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell နဲ့လည်း တွေ့ဆုံပြီး ထိုင်ဝမ်ရေလက်ကြား တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု၊ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုနဲ့ မြန်မာနိုင်ငံကိစ္စတွေကိုထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

"ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ထိတ်လန့်ဖွယ်ရာ သတ်ဖြတ်ကွပ်မျက်မှုနဲ့အတူ ဆိုးရွားနေတဲ့ ပြည်တွင်းအခြေအနေတွေ အပါအဝင် ဒီဒေသတွင်းမှာ ပြဿနာတွေ အများကြီးပါ။ ဒါပေမယ့်လည်း အာဆီယံဒေသတွင်း ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက်၊ အာဆီယံနဲ့ရော အဖွဲ့ဝင်နိုင်ငံချင်းအလိုက်ပါ အရေးတကြီးခိုင်မာတဲ့ အစီအစဉ်တွေမှာ အတူပူးပေါင်းဆောင်ရွက်ရေး အမေရိကန်နဲ့ ဥရောပသမဂ္ဂက သံဓိဌာန်အခိုင်အမာချထားပါတယ်။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တစုတစည်းတည်း အစည်းအဝေးတရပ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘောဒီးယားကိုရောက်ရှိနေတဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီကနေ့တွေ့ဆုံပွဲမှာ အဖွင့်မိန့်ခွန်းပြောကြားချိန်မှာ မြန်မာစစ်ကောင်စီက ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကွပ်မျက်ခဲ့တဲ့အပေါ်မှာ အလွန်ပဲ စိတ်ပျက်၊ စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ပြောဆိုသွားပါတယ်။ ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အပေါ်မှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလိုပဲ စိတ် ပျက်မိကြောင်း သူက ပြောသွားပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကြပ်အတည်းနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိတဲ့အတွက်ဆိုပြီး နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ဒါဟာ အဖွဲ့ဝင်နိုင် ငံတွေကြား ခွဲခြားဆက်ဆံမှုဖြစ်တယ်ဆိုပြီး ကန့်ကွက်ထားသလို အစည်းအဝေးမှာ ပါဝင်တက်ရောက်ခြင်း မရှိပါဘူး။ ကိုဗစ်ကပ်ရောဂါနဲ့ တိုင်းပြည်မှာ မတည်ငြိမ်မှုတွေကြောင့် မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင် အထည်ဖော်ဖို့ အခက်အခဲ ရှိနေကြောင်း စစ်ကောင်စီက ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံ့အရေး တိုးတက်အောင် ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေ ရှေ့ မတိုးနိုင်တဲ့ အနေအထားအပေါ်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေအကြား စိတ်ပျက်ပြောဆိုတာတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








XS
SM
MD
LG