သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ ျမန္မာ့အေရး အာဆီယံသံေရးတမန္ ပိုမိုႀကိဳးပမ္းဖို႔ လိုလား” ကန္အႀကီးတန္းသံတမန္ Kurt Cambell


အေမရိကန္အစိုးရရဲ႕ အင္ဒို-ပစိဖိတ္ေဒသ ေပါင္းစပ္ ညႇိဳႏႈိင္းေရးမႉး Kurt Campbell


[[Zawgyi/Unicode]]


အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္းအေနနဲ႔ ျမန္မာ့အေရးကိစၥမွာ သံတမန္ေရးအရ ပိုၿပီး ထဲထဲဝင္ဝင္ ပါဝင္ေဆာင္႐ြက္ဖို႔ အေမရိကန္ျပည္ေထာင္စုဘက္က လိုလားတယ္လို႔ အေမရိကန္အစိုးရရဲ႕ အင္ဒို-ပစိဖိတ္ေဒသ ေပါင္းစပ္ ညႇိဳႏႈိင္းေရးမႉး Kurt Campbell က ေျပာလိုက္ပါတယ္။

ေမလ ၁၂-၁၃ မွာက်င္းပမယ့္ အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲအတြင္းမွာလည္း ယူကရိန္း၊ တ႐ုတ္ ႏိုင္ငံအေရးကိစၥေတြနည္းတူ ျမန္မာႏိုင္ငံအေရးကိုလည္း ေဆြးေႏြးၾကမယ္လို႔ ဝါရွင္တန္ဒီစီက USIP ကက်င္းပတဲ့ ေဆြးေႏြးပြဲအတြင္း Kurt Campbell က ေျပာသြားပါတယ္။ အခုလာမယ့္ အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမွာေတာ့ စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးကို ဖိတ္ၾကားတာမရွိပါဘူး။

ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ေတြကို ျမန္မာဘက္က လိုက္နာဖို႔ ပ်က္ကြက္ တာေၾကာင့္ဆိုၿပီး အဆင့္ျမင့္အစည္းအေဝးေတြမွာ ျမန္မာႏိုင္ငံကို ႏိုင္ငံေရးအရကိုယ္စားျပဳမႈခ်န္လွပ္ထားပါတယ္။ တဘက္မွာေတာ့ ျမန္မာ့အေရးေျဖရွင္းရာမွာ ျမန္မာစစ္ေကာင္စီအျပင္ ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရကိုလည္း ထိစပ္ဖို႔လိုမယ္ဆိုတဲ့အယူအဆေတြလည္းရွိေနပါတယ္။

မၾကာေသးခင္ကေတာ့ ျမန္မာႏိုင္ငံ လူသားခ်င္းစာနာကူညီမႈအေရးအတြက္ အာဆီယံညႇိႏိႈင္းေဆြးေႏြးမႈတရပ္လုပ္ခဲ့ၿပီး ျမန္မာစစ္ေကာင္စီဘက္က ျပည္ေထာင္စုဝန္ႀကီးတဦး တက္ေရာက္ခဲ့ပါတယ္။ ဒီအစည္းအေဝးရဲ႕ ေနာက္ဆက္တြဲအားျဖင့္ အာဆီယံအလွည့္က်ဥကၠ႒ရဲ႕ အထူးကိုယ္စားလွယ္ဟာလည္း ျမန္မာႏိုင္ငံကို မၾကာခင္သြားဖို႔ရွိေနပါတယ္။

အေမရိကန္ျပည္ေထာင္စုကေတာ့ အာဆီယံဘုံသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ အာဆီယံႀကိဳးပမ္းမႈကို ေထာက္ခံတယ္လို႔ ေျပာဆိုထားပါတယ္။

#USASEANSummit #MyanmarASEAN #VOABurmese #KurtCampbell #ျမန္မာ့အေရး #အာဆီယံအေမရိကန္ေဆြးေႏြး #ဗီြအိုေအ

==============


[[Unicode]]

“မြန်မာ့အရေး အာဆီယံသံရေးတမန် ပိုမိုကြိုးပမ်းဖို့ လိုလား” ကန်အကြီးတန်းသံတမန် Kurt Cambell
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းအနေနဲ့ မြန်မာ့အရေးကိစ္စမှာ သံတမန်ရေးအရ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုဘက်က လိုလားတယ်လို့ အမေရိကန်အစိုးရရဲ့ အင်ဒို-ပစိဖိတ်ဒေသ ပေါင်းစပ် ညှိုနှိုင်းရေးမှူး Kurt Campbell က ပြောလိုက်ပါတယ်။

မေလ ၁၂-၁၃ မှာကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်းမှာလည်း ယူကရိန်း၊ တရုတ် နိုင်ငံအရေးကိစ္စတွေနည်းတူ မြန်မာနိုင်ငံအရေးကိုလည်း ဆွေးနွေးကြမယ်လို့ ဝါရှင်တန်ဒီစီက USIP ကကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း Kurt Campbell က ပြောသွားပါတယ်။ အခုလာမယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားတာမရှိပါဘူး။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေကို မြန်မာဘက်က လိုက်နာဖို့ ပျက်ကွက် တာကြောင့်ဆိုပြီး အဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို နိုင်ငံရေးအရကိုယ်စားပြုမှုချန်လှပ်ထားပါတယ်။ တဘက်မှာတော့ မြန်မာ့အရေးဖြေရှင်းရာမှာ မြန်မာစစ်ကောင်စီအပြင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ထိစပ်ဖို့လိုမယ်ဆိုတဲ့အယူအဆတွေလည်းရှိနေပါတယ်။

မကြာသေးခင်ကတော့ မြန်မာနိုင်ငံ လူသားချင်းစာနာကူညီမှုအရေးအတွက် အာဆီယံညှိနှိုင်းဆွေးနွေးမှုတရပ်လုပ်ခဲ့ပြီး မြန်မာစစ်ကောင်စီဘက်က ပြည်ထောင်စုဝန်ကြီးတဦး တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးရဲ့ နောက်ဆက်တွဲအားဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ဟာလည်း မြန်မာနိုင်ငံကို မကြာခင်သွားဖို့ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အာဆီယံကြိုးပမ်းမှုကို ထောက်ခံတယ်လို့ ပြောဆိုထားပါတယ်။

#USASEANSummit #MyanmarASEAN #VOABurmese #KurtCampbell #မြန်မာ့အရေး #အာဆီယံအမေရိကန်ဆွေးနွေး #ဗွီအိုအေ

==============

XS
SM
MD
LG