သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကန္ဝါရင့္သံတမန္ေဟာင္းေတြ အျမင္


(ဝဲမွယာ) အေမရိကန္ အႀကီးတန္းသံတမန္၊ အင္ဒိုပစိတ္ဖိတ္ေဒသ ညႇိႏႈိင္းေရးမႉး Kurt Campbell ၊ ျမန္မာဆိုင္ရာ အေမရိကန္ သံမႉးႀကီးေဟာင္း Priscilla Clapp ၊ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္အထူးသံနဲ႔ ျမန္မာဆိုင္ရာ သံအမတ္ေဟာင္း Derek Mitchell ၊ အႀကီးတန္းသုေတသီ သံအမတ္ႀကီးေဟာ


[[Zawgyi/Unicode]]

အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမွာ ျမန္မာ့အေရးဟာ ေဆြးေႏြးစရာအေၾကာင္းတခုျဖစ္လာမယ္လို႔ ႏွစ္ဘက္လုံးက ေျပာထားပါတယ္။ ျမန္မာ့အေရးဆိုင္ရာ အေမရိကန္သံတမန္ေဟာင္းေတြကေတာ့ ျမန္မာ့အေရးကိစၥမွာ သက္ဆိုင္သူအစုအဖြဲ႕အားလုံး အထူးသျဖင့္ ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကိုပါ ထိစပ္ေဆာင္႐ြက္ဖို႔လိုမယ္လို႔ အႀကံျပဳတိုက္တြန္းၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုရဲ႕ အႀကီးတန္းသံတမန္တဦးျဖစ္တဲ့ အင္ဒိုပစိတ္ဖိတ္ေဒသ ညႇိႏႈိင္းေရးမႉး Kurt Campbell ကလည္း အာဆီယံအေနနဲ႔ ျမန္မာ့အေရးမွာ ပိုၿပီး ထဲထဲဝင္ဝင္ သံတမန္ေရးေဆာင္႐ြက္ဖို႔ တိုက္တြန္းေနပါတယ္။ ဒီအေၾကာင္း ကိုဝင္းမင္းက တင္ျပေပးထားပါတယ္။

႐ုရွားရဲ႕ ယူကရိန္းကိုက်ဳးေက်ာ္မႈက ကမာၻ႔ထိပ္တန္းအေရးျဖစ္ေနခ်ိန္ အေမရိကန္သမၼတ Joe Biden အေနနဲ႔ အာရွမွာလည္းေစာင့္ၾကည့္ေနရတဲ့ တ႐ုတ္ရဲ႕အိမ္နီးခ်င္း ျမန္မာလည္းပါတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံေတြဘက္ကိုလည္း အေလးေပးလာတဲ့ ဒီ ထိပ္သီးပြဲမတိုင္ခင္ အာရွဆိုင္ရာထိပ္တန္းအရာရွိႀကီး Kurt Campbell က အခုလို ေျပာပါတယ္။

“အာဆီယံအေနနဲ႔ ျမန္မာ့အေရးမွာ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ခြင့္ရွိေနပါတယ္။ ပိုထိေရာက္မယ့္ သံတမန္ေရးသုံးဖို႔ အားေပးလိုပါတယ္။ အခု ျဖစ္ပ်က္ေနတာေတြကို က်ေနာ္တိုေမ့ၿပီးလ်စ္လ်ဴရႈထားတာမ်ိဳး မလုပ္ႏိုင္ပါဘူး။ ဒါက အာဆီယံ အလုပ္ပဲ”..လို႔ ေျပာလိုက္႐ုံနဲ႔လည္း မလုံေလာက္ပါဘူး။ ဒါေၾကာင့္ အာဆီယံအေနနဲ႔ တကယ္ ထိေရာက္ေအာင္ လက္ရွိအစိုးရနဲ႔ေရာ အတိုက္အခံေတြနဲ႔ပါ ဆက္ဆံေဆာင္႐ြက္ သြားၿပီး ျမန္မာႀကဳံေနရတဲ့ အလြန္ခက္ခဲ ေၾကကြဲစရာေကာင္းလြန္းတဲ့အေျခအေနကေန ျပန္ထြက္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။”

ျမန္မာ့ဒီမိုကေရစီအေျပာင္းအလဲအစမွာ ျမန္မာထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ မဟာဗ်ဴဟာက်က် ေဆြးေႏြးၿပီး အဲ့ဒိအခ်ိန္က သမၼတ Barack Obama နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Hillary Clinton တို႔ကို အနီးကပ္အႀကံေပးခဲ့တဲ့ အာရွကြၽမ္းက်င္သူ ညႇိႏႈိင္းေရးမႉး Campbell အေနနဲ႔ မေန႔ကပဲ USIP အေမရိကန္ ၿငိမ္းခ်မ္းေရးအဖြဲ႕မွာ အခုလိုေျပာခဲ့တာပါ။ ဒီအေပၚ Mr. Campbell နဲ႔ နီးနီးကပ္ကပ္တြဲလုပ္ခဲ့ဖူးၿပီး အဲ့ဒိအခ်ိန္က သမၼတအိုဘားမားရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္အထူးသံနဲ႔ ေနာက္ ျမန္မာဆိုင္ရာ သံအမတ္ေဟာင္း Derek Mitchell က ေျပာပါတယ္။

“သူ႔အေနနဲ႔ က်ေနာ္တို႔ရပ္တည္ခ်က္၊ စစ္အုပ္စုအေပၚ ဆက္ၿပီး စီးပြားေရး ဒဏ္ခတ္ဖိအားေပး အထီးက်န္ေစတာေတြက ဘယ္လိုအေရးႀကီးေၾကာင္း က်ေနာ္တို႔ယုံၾကည္ထားတာကို ရွင္းျပမွာပါ။ အာဆီယံထဲမွာလည္း ဆက္ဖိအားေပးဖို႔ အေရးႀကီးတာကို ေျပာမွာပါ။ အာဆီယံ ဘုံသေဘာတူခ်က္ ၅ ခ်က္ကို အေသအခ်ာ အေကာင္အထည္ေဖာ္ဖို႔ကလည္း အာဆီယံ ဂုဏ္သိကၡာအတြက္ အေရးပါေၾကာင္း၊ ေနာက္ စစ္အုပ္စု ေငြေၾကးပိုင္ဆိုင္မႈနဲ႔ လက္နက္ဝယ္ယူႏိုင္မႈစတာေတြ ပိတ္ဆို႔ဒဏ္ခတ္မႈ အေရးပါတာကိုလည္း ေျပာျပမွာပါ။ ဒါ့အျပင္ အာဆီယံအေနနဲ႔ ျမန္မာျပည္သူေတြဆႏၵကို အေလးေပးတာျပဖို႔ NUG နဲ႔ တျခား အတိုက္အခံ ဒီမိုကေရစီအင္အားစုေတြနဲ႔ ထိေတြ႕ဆက္ဆံဖို႔ အေရးႀကီးလာတာကိုလည္း ေျပာမွာပါ။”

NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္အေနနဲ႔လည္း အေမရိကန္ ဒုႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman နဲ႔ ဒီ ထိပ္သီးပြဲကာလေတြ႕ဖို႔ရွိေနခ်ိန္မွာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကလည္း အာဆီယံကို အလားတူ NUG နဲ႔ ထိေတြ႕ဆက္ဆံဖို႔ အႀကံျပဳထားပါတယ္။ အဲ့ဒိေတာ့ အေရွ႕ေတာင္ အာရွတခုလုံးနဲ႔ သံတမန္ေရး လုံၿခဳံေရးသာမကဘဲ အေမရိကန္အစိုးရတခုလုံးက ပိုၿပီး ထဲထဲဝင္ဝင္ ပူးေပါင္းေဆာင္႐ြက္ေရး အဓိက ဦးတည္ထားတဲ့ ဒီ ထိပ္သီးပြဲအေၾကာင္းကိုလည္း ျမန္မာဆိုင္ရာ အေမရိကန္ သံမႉးႀကီးေဟာင္း Priscilla Clapp ကလည္း အခုလို ေျပာပါတယ္။

“ဒီ ထိပ္သီးပြဲမွာ ျမန္မာကိစၥက ေဆြးေႏြးမဲ့ အေၾကာင္းအရာ တခုပါ။ ဒါေပမယ့္ ဒီတခုတည္း ေဆြးေႏြးမွာေတာ့ မဟုတ္ပါဘူး။ အေမရိကန္ရဲ႕ အက်ိဳးစီးပြားက အမ်ားႀကီး ႀကီးမားက်ယ္ျပန႔္ပါတယ္။ အေရွ႕ေတာင္ အာရွတခုလုံးက ႏိုင္ငံေတြနဲ႔ ဆက္ဆံေရးကိစၥက အဓိက ေဆြးေႏြးမဲ့အခ်က္ပါ။ အဲ့ဒိေတာ့ တကယ့္ မဟာဗ်ဴဟာ အေျခခံက်တဲ့ ကိစၥရပ္ေတြ၊ ဥတုရာသီေျပာင္းလဲမႈကေန ကုန္သြယ္ေရး၊ ေနာက္ ေတာင္ပစိဖိတ္ေဒသတြင္းကိစၥေတြ အထိပါ ေျဖရွင္းႏိုင္ေရး ေဆြးေႏြးၾကမွာပါ။ အဲ့ဒိေတာ့ ျမန္မာျပႆနာကိုလည္း ဒီ ထိပ္သီးပြဲမွာ ထည့္အေျဖရွာႏိုင္ဖို႔ ေဆြးေႏြးမွာပါ။”

အဲ့ဒီေတာ့ ဒီထိပ္သီးပြဲထဲ ျမန္မာ့အေရး ျဖစ္ႏိုင္တဲ့ အေျဖအတြက္ေမးရာမွာ ျမန္မာႏိုင္ငံမွာ လက္ရွိ အေမရိကန္သံအမတ္ႀကီး Thomas Vajda မတိုင္ခင္ ေနာက္ဆုံးတာဝန္ထမ္းေဆာင္ခဲ့တဲ့ သံအမတ္ႀကီးေဟာင္း Scot Marciel ကလည္း -

“ဒီေနရာမွာ အေျဖလြယ္လြယ္ မရွိတာ ေသခ်ာပါတယ္။ အေျခအေနက အရမ္း ခက္ခဲ႐ူပ္ေထြးလြန္းလာပါတယ္။ ျမန္မာဗိုလ္ခ်ဳပ္ႀကီးေတြကို အေျပာင္းအလဲလုပ္ေပးဖို႔ နားဝင္ေအာင္ေျပာဖို႔ မလြယ္ေတာ့ပါဘူး။ ဒါေပမယ့္ အေရးတႀကီး နားလည္ထားသင့္တာက အခု အာဏာသိမ္းမႈက ပုံမွန္သိမ္းတာမ်ိဳး မဟုတ္ေတာ့ပါဘူး။ စစ္အုပ္စုအေနနဲ႔ ကိုယ့္ျပည္သူကိုယ္ ျပန္စစ္ခင္းေနတဲအဆင့္ပါ။ ဒါေၾကာင့္ စစ္အုပ္စုကို အာဏာကေန ဖိအားေပး ေနာက္ဆုတ္သြားေစတာကလြဲလို႔ ပုံမွန္ျပန္တည္ၿငိမ္လာေအာင္ လုပ္ဖို႔ မလြယ္ေတာ့ပါဘူး။ အဲ့ဒိေတာ့ ပါဝင္ပတ္သက္ေနတဲ့ အစိုးရေတြအားလုံးအေနနဲ႔ ျမန္မာျပည္သူေတြဘက္က ရပ္တည္ဖို႔လိုလာတာကို နားလည္လာၾကဖို႔ ေမွ်ာ္လင့္ပါတယ္။”

ဒါ့အျပင္ အခုထိပ္သီးပြဲထဲ ျမန္မာအေရး အဓိက နည္းလမ္းသစ္ရွာ ေဆြးေႏြးႏိုင္တာကိုလည္း ျမန္မာႏိုင္ငံမွာ ၁၉၉၉ က ေန ၂၀၀၂ ခုအထိ အေမရိကန္ သံအမတ္အဆင့္မထားခ်ိန္ ထိပ္ဆုံးတာဝန္ရွိသူျဖစ္ခဲ့ၿပီး လက္ရွိ USIP အဖြဲ႕ အႀကီးတန္းအႀကံေပး Priscilla Clapp က -

“အခု ထိပ္သီးပြဲမွာ အာဆီယံရဲ႕ ဘုံသေဘာတူခ်က္ (၅) ရပ္ကိုပဲ အေလးအနက္ထား ေဆြးေႏြးၾကလိမ့္မယ္ လို႔ မထင္ပါဘူး။ ဒါေပမယ့္ ဒီ သေဘာတူခ်က္ထဲက အပိုင္းတခ်ိဳ႕ ဥပမာ လူသားခ်င္းစာနာမူဆိုင္ရာကူညီမူမ်ိဳးေတာ့ အေလးအနက္ ေဆြးေႏြးႏိုင္ပါတယ္။ ႏိုင္ငံထဲ လက္လွမ္းမီႏိုင္ဖို႔၊ ခုခံအင္အားစုေတြနဲ႔ ခ်ိတ္ဆက္ ထားႏိုင္ဖို႔ပါ။ ဒီ ဘုံ (၅) ခ်က္က အာဏာမသိမ္းခင္က အေျခအေနေဟာင္းကို ျပန္သြားဖို႔ အဆင့္ပဲ ရွိပါတယ္။ ဒါကို အခု ျပည္သူအမ်ားစုက မလိုခ်င္ေတာ့ပါဘူး။ တကယ့္စစ္မွန္တဲ့ ဖယ္ဒရယ္ျပည္ေထာင္စု အဆင့္ထိ သြားဖို႔ ယာယီ သေဘာတူထားၾကပါၿပီ။”

ဒီေနရာမွာ အခုလို အေျဖရွာေရး NUG နဲ႔ ပိုပူးေပါင္းေဆာင္႐ြက္ဖို႔ အေရးပါလာတယ္လို႔ ျမန္မာႏိုင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္အစိုးရတက္ခ်ိန္နဲ႔ အာဏာမသိမ္းခင္၂၀၁၆ ကေန ၂၀၂၀ ခုႏွစ္အထိ တာဝန္ယူခဲ့တဲ့ လက္ရွိ Sandford တကၠသိုလ္ အႀကီးတန္းသုေတသီ သံအမတ္ႀကီးေဟာင္း Scot Marciel က ဆိုပါတယ္။

“ျမန္မာႏိုင္ငံမွာ တကယ့္ကို အေရးပါတဲ့ ဘယ္လို တိုးတက္မႈမ်ိဳးမဆို ျဖစ္လာေစခ်င္တယ္ဆိုရင္ေတာ့ အေမရိကန္နဲ႔ အာဆီယံႏိုင္ငံေတြ အေနနဲ႔ NUG နဲ႔ ပိုခ်ိတ္ဆက္လုပ္ေဆာင္သြားဖို႔ လိုလာေနပါၿပီ။ ဘာလို႔လဲဆိုေတာ့ NUG က နစကထက္ ပိုတရားဝင္တယ္ေလ၊ ျပည္သူ႔ေထာက္ခံမူ ပိုရထားလို႔ပါ။”

ဒါ့အျပင္ သံအမတ္ႀကီးေဟာင္း Scot Marciel မတိုင္ခင္ ျမန္မာႏိုင္ငံမွာ ၂၀၁၂ ကေန ၂၀၁၆ ခုႏွစ္ ေဒၚေအာင္ဆန္းစုၾကည္အစိုးရတက္လာခ်ိန္အထိ တာဝန္ယူခဲ့တဲ့ သံအမတ္ႀကီးေဟာင္း Derek Mitchell ကလည္း အခုထိပ္သီးပြဲမွာ အေမရိကန္ သမၼတ Biden ကို အဓိက အႀကံေပးမယ့္ Kurt Campbell က အာဆီယံကို ပိုထိေရာက္တဲ့ သံတမန္ေရးျဖစ္ဖို႔ ေျပာတဲ့အေပၚ အခုလို မွတ္ခ်က္ေပးပါတယ္။

“ဒါက နစကနဲ႔ သံတမန္ေရးအရ ဆက္ဆံေျပာဆိုဖို႔ပါ။ ဆိုလိုတာက အခုလုပ္ေနပုံနဲ႔ေတာ့ ဘယ္မွ မေရာက္ ဘူး၊ ေရရွည္ အထီးက်န္ဖက္ ဦးတည္သြားမယ္ေပါ့။ ေဒသတြင္းအျမင္အရလည္း တရားဝင္မူမရွိေတာ့ဘဲ အာဆီယံေဒသတခုလုံးပါ မတည္မၿငိမ္ျဖစ္ေစမွာကို စိုးရိမ္လာေနရပါၿပီ။ ဒါေၾကာင့္ ေငြေတြလက္နက္ေတြ စစ္ေကာင္စီလက္ထဲ မေရာက္ဖို႔ဟာေနတာေတြ ဝိုင္းပိတ္ဆို႔ေရး အားလုံးေထာက္ခံလာဖို႔ ဖိအားေတြပိုမ်ားလာမွာကို ဖိအားေပးေျပာဖို႔ လိုလာပါၿပီ။ ေနာက္ အာဆီယံအေနနဲ႔ တ႐ုတ္နဲ႔လည္းခ်ိတ္ဆက္ၿပီး ေဒသတြင္းမွာ အခုလို ဆုတ္ယုတ္က်ဆင္းေနတဲ့ ျမန္မာဟာ အားလုံးအတြက္ မေကာင္းတာ၊ က်န္းမာေရးလုံၿခဳံေရးျပႆနာေတြဆက္လာမွာအတြက္ ဘုံတာဝန္ျဖစ္လာေနတာမ်ိဳး လက္ခံလာေအာင္ ခ်ျပတာမ်ိဳးကို ဆိုလိုတာပါ။ လက္ရွိ ျမန္မာရဲ႕စိန္ေခၚခ်က္ အေျဖရွာေရးကအားလုံးရဲ႕ ဘုံအက်ိဳးစီးပြားျဖစ္လာေနပါတယ္။”

တကယ္ေတာ့ တ႐ုတ္အေရးကို အဓိကထားၿပီး အေမရိကန္နဲ႔ အာဆီယံႏိုင္ငံေတြ ပူးေပါင္းေဆာင္႐ြက္ေရး ေဆြးေႏြးေလ့ရွိတဲ့ ဒီ ထိပ္သီးပြဲမွာ အခုတေခါက္ေတာ့ ထိပ္တန္းေရာက္ ယူကရိန္းအေရးနဲ႔ စစ္အာဏာသိမ္းခံ ျမန္မာ့အေရးအေပၚ ပူးေပါင္းေဆာင္႐ြက္ဖို႔လည္း အေလးထားေဆြးေႏြးဖို႔ရွိေနတယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္ ခင္ဗ်ာ။

ျမန္မာ့အေရး ကန္ဝါရင့္သံတမန္ေဟာင္းေတြ အျမင္
please wait

No media source currently available

0:00 0:06:21 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာ့အရေး ကန်ဝါရင့်သံတမန်ဟောင်းတွေ အမြင်

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးဟာ ဆွေးနွေးစရာအကြောင်းတခုဖြစ်လာမယ်လို့ နှစ်ဘက်လုံးက ပြောထားပါတယ်။ မြန်မာ့အရေးဆိုင်ရာ အမေရိကန်သံတမန်ဟောင်းတွေကတော့ မြန်မာ့အရေးကိစ္စမှာ သက်ဆိုင်သူအစုအဖွဲ့အားလုံး အထူးသဖြင့် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပါ ထိစပ်ဆောင်ရွက်ဖို့လိုမယ်လို့ အကြံပြုတိုက်တွန်းကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးတန်းသံတမန်တဦးဖြစ်တဲ့ အင်ဒိုပစိတ်ဖိတ်ဒေသ ညှိနှိုင်းရေးမှူး Kurt Campbell ကလည်း အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ပိုပြီး ထဲထဲဝင်ဝင် သံတမန်ရေးဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။ ဒီအကြောင်း ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ရုရှားရဲ့ ယူကရိန်းကိုကျုးကျော်မှုက ကမ္ဘာ့ထိပ်တန်းအရေးဖြစ်နေချိန် အမေရိကန်သမ္မတ Joe Biden အနေနဲ့ အာရှမှာလည်းစောင့်ကြည့်နေရတဲ့ တရုတ်ရဲ့အိမ်နီးချင်း မြန်မာလည်းပါတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဘက်ကိုလည်း အလေးပေးလာတဲ့ ဒီ ထိပ်သီးပွဲမတိုင်ခင် အာရှဆိုင်ရာထိပ်တန်းအရာရှိကြီး Kurt Campbell က အခုလို ပြောပါတယ်။

“အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရှိနေပါတယ်။ ပိုထိရောက်မယ့် သံတမန်ရေးသုံးဖို့ အားပေးလိုပါတယ်။ အခု ဖြစ်ပျက်နေတာတွေကို ကျနော်တိုမေ့ပြီးလျစ်လျူရှုထားတာမျိုး မလုပ်နိုင်ပါဘူး။ ဒါက အာဆီယံ အလုပ်ပဲ”..လို့ ပြောလိုက်ရုံနဲ့လည်း မလုံလောက်ပါဘူး။ ဒါကြောင့် အာဆီယံအနေနဲ့ တကယ် ထိရောက်အောင် လက်ရှိအစိုးရနဲ့ရော အတိုက်အခံတွေနဲ့ပါ ဆက်ဆံဆောင်ရွက် သွားပြီး မြန်မာကြုံနေရတဲ့ အလွန်ခက်ခဲ ကြေကွဲစရာကောင်းလွန်းတဲ့အခြေအနေကနေ ပြန်ထွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။”

မြန်မာ့ဒီမိုကရေစီအပြောင်းအလဲအစမှာ မြန်မာထိပ်တန်းခေါင်းဆောင်တွေနဲ့ မဟာဗျူဟာကျကျ ဆွေးနွေးပြီး အဲ့ဒိအချိန်က သမ္မတ Barack Obama နဲ့ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ကို အနီးကပ်အကြံပေးခဲ့တဲ့ အာရှကျွမ်းကျင်သူ ညှိနှိုင်းရေးမှူး Campbell အနေနဲ့ မနေ့ကပဲ USIP အမေရိကန် ငြိမ်းချမ်းရေးအဖွဲ့မှာ အခုလိုပြောခဲ့တာပါ။ ဒီအပေါ် Mr. Campbell နဲ့ နီးနီးကပ်ကပ်တွဲလုပ်ခဲ့ဖူးပြီး အဲ့ဒိအချိန်က သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံနဲ့ နောက် မြန်မာဆိုင်ရာ သံအမတ်ဟောင်း Derek Mitchell က ပြောပါတယ်။

“သူ့အနေနဲ့ ကျနော်တို့ရပ်တည်ချက်၊ စစ်အုပ်စုအပေါ် ဆက်ပြီး စီးပွားရေး ဒဏ်ခတ်ဖိအားပေး အထီးကျန်စေတာတွေက ဘယ်လိုအရေးကြီးကြောင်း ကျနော်တို့ယုံကြည်ထားတာကို ရှင်းပြမှာပါ။ အာဆီယံထဲမှာလည်း ဆက်ဖိအားပေးဖို့ အရေးကြီးတာကို ပြောမှာပါ။ အာဆီယံ ဘုံသဘောတူချက် ၅ ချက်ကို အသေအချာ အကောင်အထည်ဖော်ဖို့ကလည်း အာဆီယံ ဂုဏ်သိက္ခာအတွက် အရေးပါကြောင်း၊ နောက် စစ်အုပ်စု ငွေကြေးပိုင်ဆိုင်မှုနဲ့ လက်နက်ဝယ်ယူနိုင်မှုစတာတွေ ပိတ်ဆို့ဒဏ်ခတ်မှု အရေးပါတာကိုလည်း ပြောပြမှာပါ။ ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာပြည်သူတွေဆန္ဒကို အလေးပေးတာပြဖို့ NUG နဲ့ တခြား အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အရေးကြီးလာတာကိုလည်း ပြောမှာပါ။”

NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အနေနဲ့လည်း အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ ဒီ ထိပ်သီးပွဲကာလတွေ့ဖို့ရှိနေချိန်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံကို အလားတူ NUG နဲ့ ထိတွေ့ဆက်ဆံဖို့ အကြံပြုထားပါတယ်။ အဲ့ဒိတော့ အရှေ့တောင် အာရှတခုလုံးနဲ့ သံတမန်ရေး လုံခြုံရေးသာမကဘဲ အမေရိကန်အစိုးရတခုလုံးက ပိုပြီး ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ရေး အဓိက ဦးတည်ထားတဲ့ ဒီ ထိပ်သီးပွဲအကြောင်းကိုလည်း မြန်မာဆိုင်ရာ အမေရိကန် သံမှူးကြီးဟောင်း Priscilla Clapp ကလည်း အခုလို ပြောပါတယ်။

“ဒီ ထိပ်သီးပွဲမှာ မြန်မာကိစ္စက ဆွေးနွေးမဲ့ အကြောင်းအရာ တခုပါ။ ဒါပေမယ့် ဒီတခုတည်း ဆွေးနွေးမှာတော့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ အကျိုးစီးပွားက အများကြီး ကြီးမားကျယ်ပြန့်ပါတယ်။ အရှေ့တောင် အာရှတခုလုံးက နိုင်ငံတွေနဲ့ ဆက်ဆံရေးကိစ္စက အဓိက ဆွေးနွေးမဲ့အချက်ပါ။ အဲ့ဒိတော့ တကယ့် မဟာဗျူဟာ အခြေခံကျတဲ့ ကိစ္စရပ်တွေ၊ ဥတုရာသီပြောင်းလဲမှုကနေ ကုန်သွယ်ရေး၊ နောက် တောင်ပစိဖိတ်ဒေသတွင်းကိစ္စတွေ အထိပါ ဖြေရှင်းနိုင်ရေး ဆွေးနွေးကြမှာပါ။ အဲ့ဒိတော့ မြန်မာပြဿနာကိုလည်း ဒီ ထိပ်သီးပွဲမှာ ထည့်အဖြေရှာနိုင်ဖို့ ဆွေးနွေးမှာပါ။”

အဲ့ဒီတော့ ဒီထိပ်သီးပွဲထဲ မြန်မာ့အရေး ဖြစ်နိုင်တဲ့ အဖြေအတွက်မေးရာမှာ မြန်မာနိုင်ငံမှာ လက်ရှိ အမေရိကန်သံအမတ်ကြီး Thomas Vajda မတိုင်ခင် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ သံအမတ်ကြီးဟောင်း Scot Marciel ကလည်း -

“ဒီနေရာမှာ အဖြေလွယ်လွယ် မရှိတာ သေချာပါတယ်။ အခြေအနေက အရမ်း ခက်ခဲရူပ်ထွေးလွန်းလာပါတယ်။ မြန်မာဗိုလ်ချုပ်ကြီးတွေကို အပြောင်းအလဲလုပ်ပေးဖို့ နားဝင်အောင်ပြောဖို့ မလွယ်တော့ပါဘူး။ ဒါပေမယ့် အရေးတကြီး နားလည်ထားသင့်တာက အခု အာဏာသိမ်းမှုက ပုံမှန်သိမ်းတာမျိုး မဟုတ်တော့ပါဘူး။ စစ်အုပ်စုအနေနဲ့ ကိုယ့်ပြည်သူကိုယ် ပြန်စစ်ခင်းနေတဲအဆင့်ပါ။ ဒါကြောင့် စစ်အုပ်စုကို အာဏာကနေ ဖိအားပေး နောက်ဆုတ်သွားစေတာကလွဲလို့ ပုံမှန်ပြန်တည်ငြိမ်လာအောင် လုပ်ဖို့ မလွယ်တော့ပါဘူး။ အဲ့ဒိတော့ ပါဝင်ပတ်သက်နေတဲ့ အစိုးရတွေအားလုံးအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့လိုလာတာကို နားလည်လာကြဖို့ မျှော်လင့်ပါတယ်။”

ဒါ့အပြင် အခုထိပ်သီးပွဲထဲ မြန်မာအရေး အဓိက နည်းလမ်းသစ်ရှာ ဆွေးနွေးနိုင်တာကိုလည်း မြန်မာနိုင်ငံမှာ ၁၉၉၉ က နေ ၂၀၀၂ ခုအထိ အမေရိကန် သံအမတ်အဆင့်မထားချိန် ထိပ်ဆုံးတာဝန်ရှိသူဖြစ်ခဲ့ပြီး လက်ရှိ USIP အဖွဲ့ အကြီးတန်းအကြံပေး Priscilla Clapp က -

“အခု ထိပ်သီးပွဲမှာ အာဆီယံရဲ့ ဘုံသဘောတူချက် (၅) ရပ်ကိုပဲ အလေးအနက်ထား ဆွေးနွေးကြလိမ့်မယ် လို့ မထင်ပါဘူး။ ဒါပေမယ့် ဒီ သဘောတူချက်ထဲက အပိုင်းတချို့ ဥပမာ လူသားချင်းစာနာမူဆိုင်ရာကူညီမူမျိုးတော့ အလေးအနက် ဆွေးနွေးနိုင်ပါတယ်။ နိုင်ငံထဲ လက်လှမ်းမီနိုင်ဖို့၊ ခုခံအင်အားစုတွေနဲ့ ချိတ်ဆက် ထားနိုင်ဖို့ပါ။ ဒီ ဘုံ (၅) ချက်က အာဏာမသိမ်းခင်က အခြေအနေဟောင်းကို ပြန်သွားဖို့ အဆင့်ပဲ ရှိပါတယ်။ ဒါကို အခု ပြည်သူအများစုက မလိုချင်တော့ပါဘူး။ တကယ့်စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု အဆင့်ထိ သွားဖို့ ယာယီ သဘောတူထားကြပါပြီ။”

ဒီနေရာမှာ အခုလို အဖြေရှာရေး NUG နဲ့ ပိုပူးပေါင်းဆောင်ရွက်ဖို့ အရေးပါလာတယ်လို့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်ချိန်နဲ့ အာဏာမသိမ်းခင်၂၀၁၆ ကနေ ၂၀၂၀ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ လက်ရှိ Sandford တက္ကသိုလ် အကြီးတန်းသုတေသီ သံအမတ်ကြီးဟောင်း Scot Marciel က ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ တကယ့်ကို အရေးပါတဲ့ ဘယ်လို တိုးတက်မှုမျိုးမဆို ဖြစ်လာစေချင်တယ်ဆိုရင်တော့ အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေ အနေနဲ့ NUG နဲ့ ပိုချိတ်ဆက်လုပ်ဆောင်သွားဖို့ လိုလာနေပါပြီ။ ဘာလို့လဲဆိုတော့ NUG က နစကထက် ပိုတရားဝင်တယ်လေ၊ ပြည်သူ့ထောက်ခံမူ ပိုရထားလို့ပါ။”

ဒါ့အပြင် သံအမတ်ကြီးဟောင်း Scot Marciel မတိုင်ခင် မြန်မာနိုင်ငံမှာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာချိန်အထိ တာဝန်ယူခဲ့တဲ့ သံအမတ်ကြီးဟောင်း Derek Mitchell ကလည်း အခုထိပ်သီးပွဲမှာ အမေရိကန် သမ္မတ Biden ကို အဓိက အကြံပေးမယ့် Kurt Campbell က အာဆီယံကို ပိုထိရောက်တဲ့ သံတမန်ရေးဖြစ်ဖို့ ပြောတဲ့အပေါ် အခုလို မှတ်ချက်ပေးပါတယ်။

“ဒါက နစကနဲ့ သံတမန်ရေးအရ ဆက်ဆံပြောဆိုဖို့ပါ။ ဆိုလိုတာက အခုလုပ်နေပုံနဲ့တော့ ဘယ်မှ မရောက် ဘူး၊ ရေရှည် အထီးကျန်ဖက် ဦးတည်သွားမယ်ပေါ့။ ဒေသတွင်းအမြင်အရလည်း တရားဝင်မူမရှိတော့ဘဲ အာဆီယံဒေသတခုလုံးပါ မတည်မငြိမ်ဖြစ်စေမှာကို စိုးရိမ်လာနေရပါပြီ။ ဒါကြောင့် ငွေတွေလက်နက်တွေ စစ်ကောင်စီလက်ထဲ မရောက်ဖို့ဟာနေတာတွေ ဝိုင်းပိတ်ဆို့ရေး အားလုံးထောက်ခံလာဖို့ ဖိအားတွေပိုများလာမှာကို ဖိအားပေးပြောဖို့ လိုလာပါပြီ။ နောက် အာဆီယံအနေနဲ့ တရုတ်နဲ့လည်းချိတ်ဆက်ပြီး ဒေသတွင်းမှာ အခုလို ဆုတ်ယုတ်ကျဆင်းနေတဲ့ မြန်မာဟာ အားလုံးအတွက် မကောင်းတာ၊ ကျန်းမာရေးလုံခြုံရေးပြဿနာတွေဆက်လာမှာအတွက် ဘုံတာဝန်ဖြစ်လာနေတာမျိုး လက်ခံလာအောင် ချပြတာမျိုးကို ဆိုလိုတာပါ။ လက်ရှိ မြန်မာရဲ့စိန်ခေါ်ချက် အဖြေရှာရေးကအားလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်လာနေပါတယ်။”

တကယ်တော့ တရုတ်အရေးကို အဓိကထားပြီး အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးလေ့ရှိတဲ့ ဒီ ထိပ်သီးပွဲမှာ အခုတခေါက်တော့ ထိပ်တန်းရောက် ယူကရိန်းအရေးနဲ့ စစ်အာဏာသိမ်းခံ မြန်မာ့အရေးအပေါ် ပူးပေါင်းဆောင်ရွက်ဖို့လည်း အလေးထားဆွေးနွေးဖို့ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ် ခင်ဗျာ။
=============

XS
SM
MD
LG