[[Zawgyi/Unicode]]
၄ နိုင်ငံအစည်းအဝေးတက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ Australia နိုင်ငံကို တနင်္လာနေ့နှောင်းပိုင်းက ထွက်ခွါသွားပါတယ်။ အင်ဒို ပစိဖိတ်ဒေသမှာ ရေကြောင်းနဲ့ဆိုက်ဘာလုံခြုံရေးအတွက် Australia၊ India၊ Japan နဲ့ အမေရိကန် ပြည်ထောင်စုတို့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ AUKUS လို့ ခေါ်တဲ့ အမေရိကန်၊ ယူကေနဲ့ Australia တို့ပါဝင်တဲ့ သုံးနိုင်ငံလုံခြုံရေးဆိုင်ရာ မိတ်ဘက်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် Australia ကို ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာတော့ တာဝန်ရှိသူတွေက AUKUS ၃ နိုင်ငံအဖွဲ့နဲ့ QUAD ၄ နိုင်ငံ အဖွဲ့တို့ကို သတိကြီးကြီးထားနေပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ၄ နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့အခါ ဒီလို ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမျိုးတွေဟာ တတိယတနိုင်ငံကို ပစ်မှတ်မထားသင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်း (Zhao Lijian) က ပြောခဲ့ပါသေးတယ်။ AUKUS ၃ နိုင်ငံအဖွဲ့ကိုလည်း အလွန့်အလွန် တာဝန်မဲ့တဲ့အဖွဲ့အဖြစ် သုံးနှုံးခေါ်ဝေါ်ခဲ့ပါတယ်။
===========
[[Unicode]]
======