သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တာ်စီနင်းခံရမှု အောက်လွှတ်တော်စုံစမ်းရေးကော်မတီကြားနာ


အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်က သမ္မတဟောင်း Donald Trump ထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးကို စီးနင်းတိုက်ခိုက်မှုအပေါ် အောက်လွှတ်တော်စုံစမ်းရေးကော်မတီကကြားနာပွဲ။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်က သမ္မတဟောင်း Donald Trump ထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးကို စီးနင်းတိုက်ခိုက်မှုအပေါ် အောက်လွှတ်တော်စုံစမ်းရေးကော်မတီကကြားနာပွဲ။

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်က သမ္မတဟောင်း Donald Trump ထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးကို စီးနင်းတိုက်ခိုက်မှုအပေါ် ကြားနာပွဲကို အောက်လွှတ်တော်စုံစမ်းရေးကော်မတီက ကြာသပတေးနေ့က ပြုလုပ်ခဲ့ပါတယ်။

Democratic နဲ့ Republican ပါတီလွှတ်တော်အမတ်တွေပါဝင်တဲ့ စုံစမ်းရေးကော်မတီက သူတို့ စုဆောင်းရရှိထားတဲ့ သက်သေအထောက်အထားတွေကို ကြားနာပွဲမှာ ပြသခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသူဟာ Joe Biden ဖြစ်တယ်ဆိုတာကို လွှတ်တော်က တရားဝင် အတည်ပြုတဲ့နေ့မှာ အဲဒီအချိန်က သမ္မတ Trump ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အဦးထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

သမိုင်းမှာ မကြုံဖူးတဲ့ အာဏာသိမ်းဖို့ကြိုးစားတဲ့ လုပ်ရပ်လို့ ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့သလို အမေရိကန်ရဲ့ ဒီမိုကရေစီစနစ်ကို အန္တရာယ်ဖြစ်စေခဲ့တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ စုံစမ်းရေးကော်မတီအဖွဲ့ဝင်တွေက ပြောကြားခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကြိုတင်စီစဉ်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ စုံစမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ Republican အမတ် Liz Cheney ကလည်း ပြောကြားခဲ့ပါတယ်။

“လွှတ်တော်အဆောက်အဦးအပေါ် တိုက်ခိုက်မှုဟာ ရုတ်တရက်ဖြစ်လာတဲ့ ဆူပူအုံကြွမှု မဟုတ်ပါဘူး။ ဇန်နဝါရီလ ၆ ရက်နေ့မတိုင်ခင်ရရှိတဲ့ ထောက်လှမ်းရေးအချက်အလက်တွေအရ လွှတ်တော်အဆောက်အဦးထဲ ဝင်ရောက်သိမ်းပိုက်ပြီး မဲရလာဒ်တွေကို လွှတ်တော်က ရေတွက်အတည်မပြုနိုင်အောင် အစီအစဉ်တွေရှိခဲ့တယ်..” လို့ စုံစမ်းရေးကော်မတီဒုဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။

Donald Trump ရဲ့သမီး Ivanka Trump နဲ့ ရှေ့နေချုပ်ဟောင်း William Barr တို့လို Trump အစိုးရလက်ထက်က ထိပ်တန်းတာဝန်ရှိသူတွေရဲ့ထွက်ဆိုချက်တွေအပါအဝင် စုံစမ်းရေးကော်မတီကရရှိထားတဲ့ သက်သေအထောက်အထားတွေကို ကြာသပတေးနေ့က ကြားနာပွဲမှာ ပြသခဲ့ပါတယ်။ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ အောက် လွှတ်တော် စုံစမ်းရေးကော်မတီ ကြားနာပွဲက အချိန် ၁ လလောက်ကြာမှာဖြစ်ပါတယ်။

ကန်လွှတ်တာ်စီနင်းခံရမှု အောက်လွှတ်တော်စုံစမ်းရေးကော်မတီကြားနာ
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

===============

[[Unicode]]







XS
SM
MD
LG