သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ် ရောက်ရှိ


အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပေါ်လိုစီ တည်းခိုမယ့်ဟိုတယ်လ်ရှေ့မှာ သူ့ကိုထောက်ခံတဲ့ ထိုင်ဝမ်ဒေသခံတွေက လာရောက်ဆန္ဒဖော်ထုတ်ကြစဉ်။ (သြဂုတ် ၂၊ ၂၀၂၂)
အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပေါ်လိုစီ တည်းခိုမယ့်ဟိုတယ်လ်ရှေ့မှာ သူ့ကိုထောက်ခံတဲ့ ထိုင်ဝမ်ဒေသခံတွေက လာရောက်ဆန္ဒဖော်ထုတ်ကြစဉ်။ (သြဂုတ် ၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကျွန်းကို ဒီကနေ့ည ဒေသစံတော်ချိန် ၁၁ နာရီ ထိုးခါနီးမှာ ရောက်ရှိသွားပါပြီ။ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ထိုင်ဝမ်ကျွန်းကိုမသွားဖို့ တရုတ်အစိုးရက အကြိမ်ကြိမ် တားမြစ်၊ သတိပေး၊ ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ကြားက အခုလို ရောက်ရှိသွားတာပါ။

လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi အနေနဲ့ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ထိုင်ဝမ်သမ္မတ Tsai Ing-wen အပါအဝင် တခြား အရာရှိတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ သူမအနေနဲ့ ထိုင်ဝမ်မှာ ဘယ်နှစ်ရက်ကြာ နေထိုင်မယ်ဆိုတာတော့ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ အစောပိုင်းတုန်းကတော့ တရုတ်ကို အမြဲတမ်း ဝေဖန်ပြောဆိုလေ့ရှိတဲ့ Pelosi အနေနဲ့ ဒီခရီးစဉ်ကို တကယ်ပဲ သွားဖြစ်ပါ့မလားဆိုတဲ့အပေါ် သီတင်းပတ်အတန်ကြာ မရေမရာ ဖြစ်နေခဲ့တာပါ။

အောက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီ အာရှခရီးစဉ်အတွင်း ထိုင်ဝမ်ကို မဖြစ်မနေသွားသင့်ကြောင်း၊ မသွားဖို့ဆုံးဖြတ်ခဲ့ရင် တရုတ်ကွန်မြူနစ်ပါတီကို အလျှော့ပေးလိုက်ရာရောက်စေကြောင်း ၁၉၉၇ ခုနှစ်က အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့ ၁၉၉၇ ခုနှစ်က ထိုင်ဝမ်ကို သွားခဲ့ဘူးတဲ့ Newt Gingrich က ဗွီအိုအေ တရုတ်ဌာနကို ပြောခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကိုသွားခြင်းဟာ တရုတ်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ရာရောက်တယ်လို့ ယူဆတဲ့အတွက် ဒီခရီးစဉ်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ တရုတ်အစိုးရက ပြောပါတယ်။ တရုတ်တို့ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ခြိမ်းခြောက်လာတဲ့ ခရီးစဉ်အပေါ် ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘဲ လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Zhao Lijian က တနင်္လာနေ့မှာ ပြောထားပါတယ်။

ဒီကနေ့မှာတော့ ထိုင်ဝမ်ကျွန်းနားကို တရုတ်တိုက်လေယာဉ်တွေ ပျံသန်းခဲ့သလို တရုတ် စစ်သင်္ဘောတွေလည်း နှစ်ဘက် ကြားခံရေပိုင်နက်ထဲကို ရောက်လာခဲ့တယ်လို့ အမည်မဖော်လိုသူတဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

#USChina #VOABurmese #ထိုင်ဝမ် #Nancy Pelosi
==========

[[Unicode]]







==========

XS
SM
MD
LG