သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏြယ္ဖြား Miss Indiana Teen


Miss Indiana Teen 2022 - ျမန္မာႏြယ္ဖြား KendaNaing KK KoKoNaing


[[Zawgyi/Unicode]]

အေမရိကန္ ျပည္ေထာင္စုမွာ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ Miss Teen USA သရဖူ ၿပိဳင္ ပြဲႀကီးမတိုင္ခင္ ျပည္နယ္အလိုက္က်င္းပတဲ့ၿပိဳင္ပြဲမွာ အင္ဒီယားနားျပည္နယ္ ဖို႔ဝိန္းၿမိဳ႕မွာ ေနထိုင္တဲ့ ျမန္မာႏြယ္ဖြား အထက္တန္းေက်ာင္းသူ Kenda_Naing (ခမ္း ဒ - ႏိုင္) က Miss Indiana Teen 2022 သရဖူကို ၿပီးခဲ့တဲ့ ရက္ပိုင္းထဲ ဆြတ္ခူးရရွိခဲ့ပါတယ္။ ခုလို ျပည္နယ္အဆင့္ ဆယ္ေက်ာ္သက္-အလွမယ္အျဖစ္ ေ႐ြးခ်ယ္ခံရတာဟာ ျမန္မာထဲက ပထမဦးဆုံးပဲ ျဖစ္ပါတယ္။ ျမန္မာ့အေရးကိုလည္း စိတ္ဝင္ တစား ေစာင့္ၾကည့္ေလ့လာ ကူညီလႈပ္ရွားေနတယ္ဆိုတဲ့ (ခမ္းဒ- ႏိုင္) ကို ကိုဉာဏ္ဝင္းေအာင္က SKYPE ကတဆင့္ ဆက္သြယ္ ေမးျမန္းထားပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ မ ေက ေက ေရ - VOA ျမန္မာဌာနကို အခုလို အင္တာဗ်ဴး ေပးတဲ့အတြက္ ေက်းဇူးပါ ။ MISS Indian Teen USA 2022 အျဖစ္ အေ႐ြး ခ်ယ္ခံရတဲ့အတြက္လည္း ဂုဏ္ယူပါတယ္ ။ ဒီၿပိဳင္ပြဲမွာ ခုလို အႏိုင္ရဖို႔ ၿပိဳင္ပြဲ ဘယ္ႏွခုကို ေက်ာ္ျဖတ္ခဲ့ရလဲ ခင္ဗ်။

KK ။ ။ တကယ္ေတာ့ အခုလို Miss Indiana Teen သရဖူၿပိဳင္ပြဲကို ဝင္ၿပိဳင္ တာ သမီးအတြက္ေတာ့ ပထမဆုံးပါပဲ။ Final အဆင့္ထိ မေရာက္ခင္မွာ ရပ္ကြက္၊ ၿမိဳ႕နယ္၊ ခ႐ိုင္အဆင့္ေပါင္း/ ၿပိဳင္ပြဲေပါင္း (၈) ခုကို ဝင္ၿပိဳင္ခဲ့ရပါတယ္။ အခုက (၉) ခုေျမာက္ၿပိဳင္ပြဲမွာ Miss Indiana Teen သရဖူကို ရလိုက္တာပါ။ ဒီသရဖူအတြက္ မၿပိဳင္ခင္မွာ အင္ဒီယားနားျပည္နယ္ Allen County မွာၿပိဳင္တုန္းကလည္း Miss Allen County Teen ဆုရခဲ့ပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ ဘယ္ႏွစ္ေယာက္ ဝင္ၿပိဳင္တဲ့အထဲမွာမွ အခုလို Miss Indiana Teen သရဖူကို ရလိုက္တာလဲခင္ဗ်။

KK ။ ။ မိန္းကေလးငယ္ ၂၂ ဦး ဝင္ၿပိဳင္ၾကတာကို သတိထားမိပါတယ္။ အဲဒီထဲကမွ အေ႐ြးခံရတာပါ။

ကိုဉာဏ္ဝင္းေအာင္။ ။ ဒီၿပိဳင္ပြဲမွာ ကိုယ့္အတြက္ အခက္ခဲဆုံး စိန္ေခၚမႈေတြက ဘာပါလဲ ခင္ဗ် ။

KK။ ။ သမီးအတြက္ အႀကီးမားဆုံးစိန္ေခၚမႈကေတာ့ ကိုယ္တိုင္ ယုံၾကည္စိတ္ အျပည့္အဝ ရွိတယ္ဆိုတာကို ျပသႏိုင္ဖို႔ ေလ့က်င့္ခဲ့ရတဲ့ ကိစၥပါပဲ။ ၿပိဳင္ပြဲမွာ ကိုယ္ ကိုယ္တိုင္က ယုံၾကည္မႈမရွိဘူးဆိုရင္ အမွားအယြင္းေတြျဖစ္ၿပီး ဒုကၡေရာက္ သြားႏိုင္ပါတယ္။ ဒီအခ်က္ေတြကို စိတ္ႏွလုံးသြင္းၿပီး ႀကိဳတင္ ျပင္ဆင္ခဲ့ရပါတယ္။ ၿပိဳင္ပြဲမွာ အမွတ္ေပးဒိုင္လူႀကီးေတြ စိတ္ေက်နပ္ေအာင္ ေမးခြန္းေတြ ေျဖႏိုင္ခဲ့သလို ကိုယ့္ရဲ႕ခံယူခ်က္အျမင္ေတြကိုလည္း ဒိုင္ေတြကိုေရာ အျခားလူေတြကိုပါ ရဲရဲတင္းတင္းပဲ တင္ျပႏိုင္ခဲ့ပါတယ္။ အဲဒီလို ျဖစ္လာေအာင္လို႔ ႀကိဳတင္ ျပင္ဆင္ခဲ့ရတဲ့ အခ်ိန္ေတြဟာ အႀကီးမားဆုံး စိန္ေခၚမႈ ေတြပဲလို႔ ေျပာရမွာပါ။

ကိုဉာဏ္ဝင္းေအာင္။ ။ အခုလို အလွမယ္ ၿပိဳင္ပြဲ ဝင္ၿပိဳင္ဖို႔အတြက္ KK ရဲ႕မိဘေတြကေရာ အားေပးၾကပါသလား ။

KK ။ ။ မိဘေတြကေတာ့ သမီး ျဖစ္ခ်င္တာ/ လုပ္ခ်င္တာေတြ အတြက္ အရမ္းကို အားေပးအားေျမႇာက္လုပ္ၾကသူေတြပါ ။ အထက္တန္းေက်ာင္း ပညာေရးမွာေရာ/ တကၠသိုလ္သြားတဲ့အခါ ဘယ္ဘာသာရပ္ေတြ ယူခ်င္တယ္ဆိုတဲ့ကိစၥေတြမွာေရာ၊ သူငယ္ခ်င္း ေပါင္းသင္းတဲ့ကိစၥေတြမွာပါ လြတ္လပ္ခြင့္ ေပးထားသလို သမီး ျဖစ္ခ်င္တာေတြအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ဝိုင္းကူ ေဖးမ ေပးေနပါတယ္။ အခု ဒီ အလွမယ္ ဝင္ၿပိဳင္မယ့္ကိစၥမွာလည္း မိဘ ေတြရဲ႕ပံ့ပိုးမႈ အမ်ားႀကီးပါပါတယ္။ ဒီအေျခအေနထိ ေရာက္ေအာင္ သူတို႔ ကူညီခဲ့တာေတြအတြက္ ဝမ္းသာ ေက်းဇူးတင္ရပါတယ္။ သမီးက အခု အထက္တန္း ေက်ာင္း ေနာက္ဆုံးႏွစ္ တက္ေနပါတယ္။ ဒီေႏြရာသီ ေက်ာင္းၿပီးသြားရင္ လာမယ့္ႏွစ္ တကၠသိုလ္ တက္မွာပါ။

ကိုဉာဏ္ဝင္းေအာင္။ ။ အခုဆိုရင္ Miss Indiana Teen သရဖူကို ရလိုက္ၿပီဆိုေတာ့ ေနာက္တဆင့္က ဘယ္လို ၿပိဳင္ပြဲကို ဝင္ရမွာပါလဲ ။

KK ။ ။ ေနာက္ၿပိဳင္ပြဲ ကေတာ့ Miss Teen USA 2022 ၿပိဳင္ပြဲကို ဝင္ၿပိဳင္ရမွာပါ။ အဲဒီၿပိဳင္ပြဲမွာ အေမရိကားမွာ ရွိတဲ့ ျပည္နယ္(၅၀)က ဆယ္ေက်ာ္သက္ - မယ္ေတြ အသီးသီး ဝင္ၿပိဳင္ ၾကမွာပါ။ သမီးကေတာ့ အင္ဒီယားနားျပည္နယ္ကို ကိုယ္စားျပဳၿပီး ဝင္ၿပိဳင္သြားမွာပါ။ အင္ဒီယားနားျပည္နယ္ဂုဏ္ကို ေဆာင္ႏိုင္ဖို႔ အတြက္ေရာ၊ ျမန္မာ လူမႈအသိုင္းအဝိုင္းက ဂုဏ္ယူရမယ့္သူတေယာက္ ျဖစ္လာေအာင္လို႔ပါ အတတ္ႏိုင္ဆုံး ႀကိဳးစားသြားမွာပါ။

ကိုဉာဏ္ဝင္းေအာင္။ ။ "KK တို႔ မိသားစုက အေမရိကားကို ဘယ္လို ေရာက္လာခဲ့ၾကလဲ ။

KK။ ။ သမီး ေမေမက သူ႔အသက္ (၁၇) ႏွစ္ေလာက္မွာ သူ႔မိဘေတြနဲ႔ ဒီႏိုင္ငံကို ေရာက္လာပါတယ္။ သူက မြန္လူမ်ိဳးပါ။ သမီး ေဖေဖက အသက္ (၁၉) ႏွစ္ေလာက္မွာ ဒီႏိုင္ငံကို ဒုကၡသည္အစီအစဥ္နဲ႔ ေရာက္လာတယ္လို႔ ေျပာပါတယ္။ အဲဒီေနာက္ပိုင္း သမီးကို အင္ဒီယားနားျပည္နယ္ - ဖို႔ဝိန္းၿမိဳ႕မွာ ေမြးပါတယ္ ။

ကိုဉာဏ္ဝင္းေအာင္။ ။ အခု လက္ရွိ ျမန္မာႏိုင္ငံမွာ ဘာေတြ ျဖစ္ပ်က္ေနတယ္ ဆိုတာကို KK သိပါသလား ။

KK ။ ။ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖၚဝါရီမွာ စစ္တပ္က အာဏာသိမ္းခဲ့ပါတယ္။ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ အေတာ္မ်ားမ်ား လုပ္ခဲ့တာ ေတြ႕ရတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈေတြ ၊ လူအစုလိုက္ သတ္ျဖတ္ ခံရတာေတြ ျဖစ္ခဲ့တာကို ၾကားသိရပါတယ္။ ခုထက္ထိလည္း ဆက္ျဖစ္ ေနတုန္းပါပဲ ။ အဲဒီလို ဆိုးဝါးတဲ့ အေျခအေနေတြ အျမန္ဆုံး ေက်ာ္လႊား လြန္ေျမာက္ပါေစလို႔ သမီးအေနနဲ႔ ဆုေတာင္းေပးပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ ျမန္မာျပည္ထဲမွာ ဆိုရင္ Generation Z လို႔ ေခၚတဲ့ KK တို႔လို အသက္အ႐ြယ္ေတြက စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ တြန္းလွန္ေနၾကပါတယ္။ သူတို႔ လႈပ္ရွား လုပ္ေဆာင္မႈအေပၚ ဘယ္လို ျမင္ပါသလဲ။ သူတို႔အတြက္ ဘယ္လို သတင္းစကား ပါးခ်င္ပါသလဲ ။

KK။ ။ အရင္ဆုံးေျပာျပခ်င္တာက သူတို႔ ရင္ဆိုင္ ႀကဳံေတြ႕ ေနရတာကို ေတြးၾကည့္လိုက္ရင္-- အရမ္းကို စိတ္ထိခိုက္ ခံစားရတယ္ ဆိုတာပါပဲ။ သူတို႔အားလုံး ရဲစြမ္းသတၱိနဲ႔ ျပည့္စုံၾကတာအတြက္ အရမ္း ခ်ီးက်ဴးဂုဏ္ယူမိပါတယ္။ အဓိက ေျပာခ်င္တာက ေမွ်ာ္လင့္ခ်က္ ထားၾကဖို႔ပါပဲ။ ခုခ်ိန္မွာ အာဏာရွင္ေတြက လူေတြကို ေနအိမ္မွာ လာေခၚၿပီး ဖမ္းဆီးတာမ်ိဳး ၊ အိမ္ေတြကို မီးရႈိ႕တာမ်ိဳး ၊ သူတို႔ သေဘာအတိုင္း ပစၥည္းေတြ ယူသြားတာမ်ိဳးလုပ္ႏိုင္ေပမယ့္ ကိုယ့္ယုံၾကည္ခ်က္နဲ႔ ေမွ်ာ္လင့္ခ်က္ေတြကိုေတာ့ သူတို႔ လာယူလို႔ မရႏိုင္ပါဘူး။ ဒါေၾကာင့္ ယုံၾကည္စိတ္ / ေမွ်ာ္လင့္ခ်က္ေတြ ဆက္ထားၾကဖို႔ကိုပဲ တိုက္တြန္းခ်င္ပါတယ္။ အေျပာင္းအလဲေတြ ျဖစ္လာဖို႔ ဘယ္ေလာက္ၾကာမယ္ဆိုတာ မသိႏိုင္ေပမယ့္ တေန႔ အဲဒီအခ်ိန္ေတြ ေရာက္လာဖို႔ သမီး ဆုေတာင္း ေပးေနပါတယ္။ တခ်ိန္မွာ ျမန္မာျပည္ထဲ အေျပာင္းအလဲေတြ ျဖစ္လာမယ္လို႔ ယုံၾကည္ပါတယ္။ ျမန္မာျပည္အေၾကာင္း ကမာၻက ပိုသိရေအာင္ သမီးအေနနဲ႔လည္း facebook က ေန သတင္းေတြကို တတ္ႏိုင္သမွ် ျပန္ၿပီး share ေပးေနပါတယ္။ ဝါရွင္တန္ဒီစီမွာ လုပ္တဲ့ .. လူအမ်ားႀကီး ပါဝင္တဲ့ ျမန္မာ့အေရး ဆႏၵျပပြဲမွာလည္း သမီးသြားေရာက္ ပါဝင္ခဲ့ပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးပါ ။

KK ။ ။ ဟုတ္ကဲ့ ေက်းဇူးရွင့္။

ျမန္မာႏြယ္ဖြား Miss Indiana Teen
please wait

No media source currently available

0:00 0:04:30 0:00
တိုက္႐ိုက္ လင့္ခ္

==============
[[Unicode]]

မြန်မာနွယ်ဖွား Miss Indiana Teen

အမေရိကန် ပြည်ထောင်စုမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Miss Teen USA သရဖူ ပြိုင် ပွဲကြီးမတိုင်ခင် ပြည်နယ်အလိုက်ကျင်းပတဲ့ပြိုင်ပွဲမှာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ နေထိုင်တဲ့ မြန်မာနွယ်ဖွား အထက်တန်းကျောင်းသူ Kenda_Naing (ခမ်း ဒ - နိုင်) က Miss Indiana Teen 2022 သရဖူကို ပြီးခဲ့တဲ့ ရက်ပိုင်းထဲ ဆွတ်ခူးရရှိခဲ့ပါတယ်။ ခုလို ပြည်နယ်အဆင့် ဆယ်ကျော်သက်-အလှမယ်အဖြစ် ရွေးချယ်ခံရတာဟာ မြန်မာထဲက ပထမဦးဆုံးပဲ ဖြစ်ပါတယ်။ မြန်မာ့အရေးကိုလည်း စိတ်ဝင် တစား စောင့်ကြည့်လေ့လာ ကူညီလှုပ်ရှားနေတယ်ဆိုတဲ့ (ခမ်းဒ- နိုင်) ကို ကိုဉာဏ်ဝင်းအောင်က SKYPE ကတဆင့် ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ မ ကေ ကေ ရေ - VOA မြန်မာဌာနကို အခုလို အင်တာဗျူး ပေးတဲ့အတွက် ကျေးဇူးပါ ။ MISS Indian Teen USA 2022 အဖြစ် အရွေး ချယ်ခံရတဲ့အတွက်လည်း ဂုဏ်ယူပါတယ် ။ ဒီပြိုင်ပွဲမှာ ခုလို အနိုင်ရဖို့ ပြိုင်ပွဲ ဘယ်နှခုကို ကျော်ဖြတ်ခဲ့ရလဲ ခင်ဗျ။

KK ။ ။ တကယ်တော့ အခုလို Miss Indiana Teen သရဖူပြိုင်ပွဲကို ဝင်ပြိုင် တာ သမီးအတွက်တော့ ပထမဆုံးပါပဲ။ Final အဆင့်ထိ မရောက်ခင်မှာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အဆင့်ပေါင်း/ ပြိုင်ပွဲပေါင်း (၈) ခုကို ဝင်ပြိုင်ခဲ့ရပါတယ်။ အခုက (၉) ခုမြောက်ပြိုင်ပွဲမှာ Miss Indiana Teen သရဖူကို ရလိုက်တာပါ။ ဒီသရဖူအတွက် မပြိုင်ခင်မှာ အင်ဒီယားနားပြည်နယ် Allen County မှာပြိုင်တုန်းကလည်း Miss Allen County Teen ဆုရခဲ့ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဘယ်နှစ်ယောက် ဝင်ပြိုင်တဲ့အထဲမှာမှ အခုလို Miss Indiana Teen သရဖူကို ရလိုက်တာလဲခင်ဗျ။

KK ။ ။ မိန်းကလေးငယ် ၂၂ ဦး ဝင်ပြိုင်ကြတာကို သတိထားမိပါတယ်။ အဲဒီထဲကမှ အရွေးခံရတာပါ။

ကိုဉာဏ်ဝင်းအောင်။ ။ ဒီပြိုင်ပွဲမှာ ကိုယ့်အတွက် အခက်ခဲဆုံး စိန်ခေါ်မှုတွေက ဘာပါလဲ ခင်ဗျ ။

KK။ ။ သမီးအတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ ကိုယ်တိုင် ယုံကြည်စိတ် အပြည့်အဝ ရှိတယ်ဆိုတာကို ပြသနိုင်ဖို့ လေ့ကျင့်ခဲ့ရတဲ့ ကိစ္စပါပဲ။ ပြိုင်ပွဲမှာ ကိုယ် ကိုယ်တိုင်က ယုံကြည်မှုမရှိဘူးဆိုရင် အမှားအယွင်းတွေဖြစ်ပြီး ဒုက္ခရောက် သွားနိုင်ပါတယ်။ ဒီအချက်တွေကို စိတ်နှလုံးသွင်းပြီး ကြိုတင် ပြင်ဆင်ခဲ့ရပါတယ်။ ပြိုင်ပွဲမှာ အမှတ်ပေးဒိုင်လူကြီးတွေ စိတ်ကျေနပ်အောင် မေးခွန်းတွေ ဖြေနိုင်ခဲ့သလို ကိုယ့်ရဲ့ခံယူချက်အမြင်တွေကိုလည်း ဒိုင်တွေကိုရော အခြားလူတွေကိုပါ ရဲရဲတင်းတင်းပဲ တင်ပြနိုင်ခဲ့ပါတယ်။ အဲဒီလို ဖြစ်လာအောင်လို့ ကြိုတင် ပြင်ဆင်ခဲ့ရတဲ့ အချိန်တွေဟာ အကြီးမားဆုံး စိန်ခေါ်မှု တွေပဲလို့ ပြောရမှာပါ။

ကိုဉာဏ်ဝင်းအောင်။ ။ အခုလို အလှမယ် ပြိုင်ပွဲ ဝင်ပြိုင်ဖို့အတွက် KK ရဲ့မိဘတွေကရော အားပေးကြပါသလား ။

KK ။ ။ မိဘတွေကတော့ သမီး ဖြစ်ချင်တာ/ လုပ်ချင်တာတွေ အတွက် အရမ်းကို အားပေးအားမြှောက်လုပ်ကြသူတွေပါ ။ အထက်တန်းကျောင်း ပညာရေးမှာရော/ တက္ကသိုလ်သွားတဲ့အခါ ဘယ်ဘာသာရပ်တွေ ယူချင်တယ်ဆိုတဲ့ကိစ္စတွေမှာရော၊ သူငယ်ချင်း ပေါင်းသင်းတဲ့ကိစ္စတွေမှာပါ လွတ်လပ်ခွင့် ပေးထားသလို သမီး ဖြစ်ချင်တာတွေအတွက် အကောင်းဆုံးဖြစ်အောင် ဝိုင်းကူ ဖေးမ ပေးနေပါတယ်။ အခု ဒီ အလှမယ် ဝင်ပြိုင်မယ့်ကိစ္စမှာလည်း မိဘ တွေရဲ့ပံ့ပိုးမှု အများကြီးပါပါတယ်။ ဒီအခြေအနေထိ ရောက်အောင် သူတို့ ကူညီခဲ့တာတွေအတွက် ဝမ်းသာ ကျေးဇူးတင်ရပါတယ်။ သမီးက အခု အထက်တန်း ကျောင်း နောက်ဆုံးနှစ် တက်နေပါတယ်။ ဒီနွေရာသီ ကျောင်းပြီးသွားရင် လာမယ့်နှစ် တက္ကသိုလ် တက်မှာပါ။

ကိုဉာဏ်ဝင်းအောင်။ ။ အခုဆိုရင် Miss Indiana Teen သရဖူကို ရလိုက်ပြီဆိုတော့ နောက်တဆင့်က ဘယ်လို ပြိုင်ပွဲကို ဝင်ရမှာပါလဲ ။

KK ။ ။ နောက်ပြိုင်ပွဲ ကတော့ Miss Teen USA 2022 ပြိုင်ပွဲကို ဝင်ပြိုင်ရမှာပါ။ အဲဒီပြိုင်ပွဲမှာ အမေရိကားမှာ ရှိတဲ့ ပြည်နယ်(၅၀)က ဆယ်ကျော်သက် - မယ်တွေ အသီးသီး ဝင်ပြိုင် ကြမှာပါ။ သမီးကတော့ အင်ဒီယားနားပြည်နယ်ကို ကိုယ်စားပြုပြီး ဝင်ပြိုင်သွားမှာပါ။ အင်ဒီယားနားပြည်နယ်ဂုဏ်ကို ဆောင်နိုင်ဖို့ အတွက်ရော၊ မြန်မာ လူမှုအသိုင်းအဝိုင်းက ဂုဏ်ယူရမယ့်သူတယောက် ဖြစ်လာအောင်လို့ပါ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။

ကိုဉာဏ်ဝင်းအောင်။ ။ "KK တို့ မိသားစုက အမေရိကားကို ဘယ်လို ရောက်လာခဲ့ကြလဲ ။

KK။ ။ သမီး မေမေက သူ့အသက် (၁၇) နှစ်လောက်မှာ သူ့မိဘတွေနဲ့ ဒီနိုင်ငံကို ရောက်လာပါတယ်။ သူက မွန်လူမျိုးပါ။ သမီး ဖေဖေက အသက် (၁၉) နှစ်လောက်မှာ ဒီနိုင်ငံကို ဒုက္ခသည်အစီအစဉ်နဲ့ ရောက်လာတယ်လို့ ပြောပါတယ်။ အဲဒီနောက်ပိုင်း သမီးကို အင်ဒီယားနားပြည်နယ် - ဖို့ဝိန်းမြို့မှာ မွေးပါတယ် ။

ကိုဉာဏ်ဝင်းအောင်။ ။ အခု လက်ရှိ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို KK သိပါသလား ။

KK ။ ။ ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အကြမ်းဖက် နှိမ်နင်းမှုတွေ အတော်များများ လုပ်ခဲ့တာ တွေ့ရတယ်။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ၊ လူအစုလိုက် သတ်ဖြတ် ခံရတာတွေ ဖြစ်ခဲ့တာကို ကြားသိရပါတယ်။ ခုထက်ထိလည်း ဆက်ဖြစ် နေတုန်းပါပဲ ။ အဲဒီလို ဆိုးဝါးတဲ့ အခြေအနေတွေ အမြန်ဆုံး ကျော်လွှား လွန်မြောက်ပါစေလို့ သမီးအနေနဲ့ ဆုတောင်းပေးပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ မြန်မာပြည်ထဲမှာ ဆိုရင် Generation Z လို့ ခေါ်တဲ့ KK တို့လို အသက်အရွယ်တွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တွန်းလှန်နေကြပါတယ်။ သူတို့ လှုပ်ရှား လုပ်ဆောင်မှုအပေါ် ဘယ်လို မြင်ပါသလဲ။ သူတို့အတွက် ဘယ်လို သတင်းစကား ပါးချင်ပါသလဲ ။

KK။ ။ အရင်ဆုံးပြောပြချင်တာက သူတို့ ရင်ဆိုင် ကြုံတွေ့ နေရတာကို တွေးကြည့်လိုက်ရင်-- အရမ်းကို စိတ်ထိခိုက် ခံစားရတယ် ဆိုတာပါပဲ။ သူတို့အားလုံး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံကြတာအတွက် အရမ်း ချီးကျူးဂုဏ်ယူမိပါတယ်။ အဓိက ပြောချင်တာက မျှော်လင့်ချက် ထားကြဖို့ပါပဲ။ ခုချိန်မှာ အာဏာရှင်တွေက လူတွေကို နေအိမ်မှာ လာခေါ်ပြီး ဖမ်းဆီးတာမျိုး ၊ အိမ်တွေကို မီးရှို့တာမျိုး ၊ သူတို့ သဘောအတိုင်း ပစ္စည်းတွေ ယူသွားတာမျိုးလုပ်နိုင်ပေမယ့် ကိုယ့်ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကိုတော့ သူတို့ လာယူလို့ မရနိုင်ပါဘူး။ ဒါကြောင့် ယုံကြည်စိတ် / မျှော်လင့်ချက်တွေ ဆက်ထားကြဖို့ကိုပဲ တိုက်တွန်းချင်ပါတယ်။ အပြောင်းအလဲတွေ ဖြစ်လာဖို့ ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်ပေမယ့် တနေ့ အဲဒီအချိန်တွေ ရောက်လာဖို့ သမီး ဆုတောင်း ပေးနေပါတယ်။ တချိန်မှာ မြန်မာပြည်ထဲ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ မြန်မာပြည်အကြောင်း ကမ္ဘာက ပိုသိရအောင် သမီးအနေနဲ့လည်း facebook က နေ သတင်းတွေကို တတ်နိုင်သမျှ ပြန်ပြီး share ပေးနေပါတယ်။ ဝါရှင်တန်ဒီစီမှာ လုပ်တဲ့ .. လူအများကြီး ပါဝင်တဲ့ မြန်မာ့အရေး ဆန္ဒပြပွဲမှာလည်း သမီးသွားရောက် ပါဝင်ခဲ့ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ။

KK ။ ။ ဟုတ်ကဲ့ ကျေးဇူးရှင့်။
==============

XS
SM
MD
LG