သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် နိုင်ငံတော်အခြေပြမိန့်ခွန်း လွှတ်တော်မှာပြောဆိုမည်


State of the Union
State of the Union

[[Zawgyi/Unicode]]

ရုရှားသမ္မတပူတင်ဟာ အမေရိကန်နိုင်ငံရေး အကွဲအပြဲကို ပေါင်းစည်းပေးတဲ့ အားတရပ်ဖြစ်လာနေသလား ဆိုတဲ့မေးခွန်းကို အမေရိကန်စံတော်ချိန် ဒီနေ့ညမှာ လွှတ်တော်မှာ ပြောကြားမယ့် သမ္မတဘိုင်ဒင်ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။

ကိုဗစ် 19 ကပ်ဘေး၊ ၂၀၂၁ ဇန်နဝါရီလ ၆ ရက် လွှတ်တော်ကို ဝင်သိမ်းကြတဲ့ ပုန်ကန်မှုတို့နဲ့ပတ်သက်ပြီး ရီပါဘလီကန်နဲ့ ဒီမိုကရက်တွေကြား အကွဲကြီးကွဲပြားနေချိန်မှာ အမေရိကန်နိုင်ငံရေးအတွက် ရုရှားကျူးကျော်စစ်ကိုခုခံနေတဲ့ ယူကရိန်းဟာ ရှားရှားပါးပါး ဘုံသဘောတူညီတဲ့ အခြေခံတရပ် ဖြစ်လာခဲ့တာပါ။

ပါတီ ၂ ခုလုံးက သမ္မတကို ထောက်ခံကြတာကို နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောတဲ့အခါ တွေ့ရလိမ့်မယ်လို့ထင်ကြောင်း ဒီမိုကရက် အထက်လွှတ်တော်အမတ် Chris Coons က ဆိုပါတယ်။

“ဒီအချိန်မှာတော့ ကျနော်တို့အားလုံး အတူတကွပါပဲ။ ဘာလုပ်သင့်တယ်ဆိုတာ ကျနော်တို့ အတူတကွ ဆုံးဖြတ်ကြရမှာပါ” လို့ ရီပါဘလီကန်ပါတီရဲ့ အထက်လွှတ်တော် ခေါင်းဆောင်လည်းဖြစ်၊ မြန်မာအရေးကို တက်တက်ကြွကြွ ဦးဆောင် ထောက်ခံသူလည်း ဖြစ်တဲ့ Mitch McConnell က ပြောပါတယ်။

အာဖဂန်နစ္စတန်ကနေ ဒရောသောပါး ဝရုန်းသုန်းကား ဆုတ်ခွါခဲ့တဲ့ မူဝါဒက ပူတင် ကျူးကျော်ဖို့ တံခါးဖွင့်ပေးခဲ့တယ်လို့ McConnell က သမ္မတဘိုင်ဒင်ကို ဝေဖန်ခဲ့ဖူးပါတယ်။

ဒီ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အမေရိကန်သမ္မတတွေဟာ တိုင်းပြည်ရဲ့ အခြေအနေတွေနဲ့ သူတို့ရဲ့မူဝါဒတွေကို လွှတ်တော်ကနေတဆင့် တတိုင်းတပြည်လုံး ကို ပြောကြားလေ့ရှိကြပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]








=============

XS
SM
MD
LG