သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ မရိန္းတပ္သားေဟာင္း Trevor Reed ကို ႐ုရွားျပန္လႊတ္


၂၀၁၈ ခုႏွစ္က ႐ုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕က ရင္ျပင္နီမွာ အမွတ္တရ႐ိုက္ယူထားတဲ့ အေမရိကန္မရိန္းတပ္သားေဟာင္း Trevor Reed 

[[Zawgyi/Unicode]]

႐ုရွားကဖမ္းထားတဲ့ အေမရိကန္ မရိန္းတပ္သားေဟာင္း Trevor Reed ဒီကေန႔ ျပန္လြတ္လာၿပီလို႔ သမၼတ Joe Biden က ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။


Trevor Reed ကို ၂၀၁၉ ခုႏွစ္ကတည္းက ႐ုရွားကဖမ္းထားတာျဖစ္ၿပီး အေမရိကန္မွာ ေထာင္ဒဏ္ ႏွစ္ ၂၀ က်ေနတဲ့ ႐ုရွား ေလယာဥ္မွဴး Konstantin Yaroshenko နဲ႔ အလဲအလွယ္လုပ္ခဲ့တာျဖစ္ပါတယ္။

Yaroshenko ဟာ အေမရိကန္ႏုိ္င္ငံထဲကို ကိုကင္း မူးယစ္ေဆးဝါး ခုိးသြင္းဖို႔ ၾကံစည္လုပ္ေဆာင္မႈ စြဲခ်က္နဲ႔ ေထာင္ခ်ခံခဲ့ရတာျဖစ္ၿပီး ၂၀၁၀ ျပည့္ႏွစ္က လိုင္ေဘးရီးယားမွာ အေမရိကန္ အထူးတပ္ဖြဲ႔ေတြက ဖမ္းဆီးခဲ့တာပါ။

အသက္ ၃၀ အရြယ္ တကၠဆက္စ္ျပည္နယ္သား Trevor Reed ဟာ ၂၀၁၉ ခုႏွစ္ က ေမာ္စကိုၿမိဳ႕ေတာ္မွာ အလည္အပတ္ ေရာက္ေနခ်ိန္အတြင္း အရက္မူးၿပီးေတာ့ ႐ုရွားရဲတပ္ဖြဲ႔ဝင္ႏွစ္ဦးရဲ႕ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ နဲ႔ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရတာပါ။ Trevor Reed ကို စစ္ေဆးစီရင္ခဲ့တဲ့ တရားခြင္ ဟာ တကယ့္ကို အဓိပၸါယ္မဲ့ လုပ္ဇာတ္ပဲလို႔ အေမရိကန္က ျပစ္တင္ ေဝဖန္ခဲ့ပါတယ္။

Trevor Reed ျပန္လြတ္လာၿပီဆိုတာ သူ႔ရဲ႕မိဘေတြျဖစ္တဲ့ Joey နဲ႔ Paula Reed တို႔ကို ေျပာျပခဲ့တယ္လုိ႔ သမၼတဘိုင္ဒန္က ေျပာပါတယ္။ Trevor Reed ရဲ႕ မိဘႏွစ္ပါးဟာ သူတို႔သား ျပန္လြတ္လာေအာင္ အစြမ္းကုန္လုပ္ေပးဖို႔ အေမရိကန္အစိုးရကို ဖိအားေပး ေတာင္းဆိုေနခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိအားျဖင့္ ႐ုရွားကဖမ္းထားတဲ့ အေမရိကန္ႏုိ္င္ငံသား ႏွစ္ေယာက္ ရွိေနပါေသးတယ္။ တေယာက္က ကေနဒါႏုိ္င္ငံဖြား၊ ၿဗိတိန္နဲ႔ အိုင္ယာလန္ ႏိုင္ငံႏွစ္ခုရဲ႕ ႏုိင္ငံသားအျဖစ္ ခံယူထားၿပီး အေမရိကန္မွာ အျမဲတမ္းေနထိုင္ခြင့္ရထားသူ Paul Whelan ျဖစ္ၿပီး ေနာက္တေယာက္ကေတာ့ အေမရိကန္ အမ်ဳိးသမီး ဘတ္စကက္ေဘာကစားသမား Brittney Griner ျဖစ္ပါတယ္။

#USRussia #TrevorReed #VOABurmese #TrevorReed #ဗီြအိုေအ

==================

[[Unicode]]

ကန် မရိန်းတပ်သားဟောင်း Trevor Reed ကို ရုရှားပြန်လွှတ်

ရုရှားကဖမ်းထားတဲ့ အမေရိကန် မရိန်းတပ်သားဟောင်း Trevor Reed ဒီကနေ့ ပြန်လွတ်လာပြီလို့ သမ္မတ Joe Biden က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
Trevor Reed ကို ၂၀၁၉ ခုနှစ်ကတည်းက ရုရှားကဖမ်းထားတာဖြစ်ပြီး အမေရိကန်မှာ ထောင်ဒဏ် နှစ် ၂၀ ကျနေတဲ့ ရုရှား လေယာဉ်မှူး Konstantin Yaroshenko နဲ့ အလဲအလှယ်လုပ်ခဲ့တာဖြစ်ပါတယ်။

Yaroshenko ဟာ အမေရိကန်နိုင်ငံထဲကို ကိုကင်း မူးယစ်ဆေးဝါး ခိုးသွင်းဖို့ ကြံစည်လုပ်ဆောင်မှု စွဲချက်နဲ့ ထောင်ချခံခဲ့ရတာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က လိုင်ဘေးရီးယားမှာ အမေရိကန် အထူးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာပါ။

အသက် ၃၀ အရွယ် တက္ကဆက်စ်ပြည်နယ်သား Trevor Reed ဟာ ၂၀၁၉ ခုနှစ် က မော်စကိုမြို့တော်မှာ အလည်အပတ် ရောက်နေချိန်အတွင်း အရက်မူးပြီးတော့ ရုရှားရဲတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ Trevor Reed ကို စစ်ဆေးစီရင်ခဲ့တဲ့ တရားခွင် ဟာ တကယ့်ကို အဓိပ္ပါယ်မဲ့ လုပ်ဇာတ်ပဲလို့ အမေရိကန်က ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

Trevor Reed ပြန်လွတ်လာပြီဆိုတာ သူ့ရဲ့မိဘတွေဖြစ်တဲ့ Joey နဲ့ Paula Reed တို့ကို ပြောပြခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ Trevor Reed ရဲ့ မိဘနှစ်ပါးဟာ သူတို့သား ပြန်လွတ်လာအောင် အစွမ်းကုန်လုပ်ပေးဖို့ အမေရိကန်အစိုးရကို ဖိအားပေး တောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအားဖြင့် ရုရှားကဖမ်းထားတဲ့ အမေရိကန်နိုင်ငံသား နှစ်ယောက် ရှိနေပါသေးတယ်။ တယောက်က ကနေဒါနိုင်ငံဖွား၊ ဗြိတိန်နဲ့ အိုင်ယာလန် နိုင်ငံနှစ်ခုရဲ့ နိုင်ငံသားအဖြစ် ခံယူထားပြီး အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရထားသူ Paul Whelan ဖြစ်ပြီး နောက်တယောက်ကတော့ အမေရိကန် အမျိုးသမီး ဘတ်စကက်ဘောကစားသမား Brittney Griner ဖြစ်ပါတယ်။

#USRussia #TrevorReed #VOABurmese #TrevorReed #ဗွီအိုအေ

==================

XS
SM
MD
LG