သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်သင်္ဘောသစ်ကို ပထမဆုံးအကြိမ်နိုင်ငံခြားမှာ ရေချ


The USS Canberra (LCS-30) sails past the Sydney Opera House as it arrives at the Royal Australian Navy's Fleet Base East, in Sydney, Tuesday, July 18, 2023.
The USS Canberra (LCS-30) sails past the Sydney Opera House as it arrives at the Royal Australian Navy's Fleet Base East, in Sydney, Tuesday, July 18, 2023.

အမေရိတပ်ရေတပ် စစ်သင်္ဘောတစင်းကို Australia နိုင်ငံမှာ ရေချ။ တာဝန်ပေးအပ်တဲ့အခမ်းအနားပြုလုပ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ Australia နိုင်ငံကြား စစ်ဘက်ဆက်ဆံရေး ခိုင်မာမှုကို ပြသခဲ့ပါတယ်။ စစ်သင်္ဘောသစ် USS Canberra ကို Sydney မြို့ ဆိပ်ကမ်းမှာ ရေချပွဲလုပ်ခဲ့တာပါ။ ဒါဟာ အမေရိကန်ရေတပ်စစ်သင်္ဘောတစင်းကို ပထမဆုံးအကြိမ် နိုင်ငံခြားဆိပ်ကမ်းမှာ ရေချပြီး တာဝန်ပေးအပ်တာ ဖြစ်ပါတယ်။ ၂ နိုင်ငံ မဟာမိတ်ဆက်ဆံရေးအပေါ် တန်ဖိုးထားမှုကို ပြသလိုက်တာဖြစ်တယ်လို့ Australia နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Caroline Kennedy ကပြောကြားခဲ့ပါတယ်။

ဒီပွဲဟာ အခမ်းနားတခုဆိုတာထက် စစ်သင်္ဘောကြီး ကိုယ်စားပြုတဲ့တန်ဖိုးတွေ၊ ၂ နိုင်ငံ မဟာမိတ်ဆက်ဆံရေးအပေါ် တန်ဖိုးထားမှုတွေကို ပြသခွင့်ရတဲ့ အခွင့်အလမ်းတခု ဖြစ်ပါတယ်လို့ သံအမတ်ကြီး Caroline Kennedy က ပြောကြားခဲ့ပါတယ်။ လွတ်လပ်မှုကို ကာကွယ်ဖို့၊ နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဆက်လက် တည်ငြိမ်သာယာဝပြောနေအောင် ကာကွယ်ပြီး ပိုပြီးငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်အောင် အမေရိကန်နဲ့ Australia ၂ နိုင်ငံကြား ကြိုးစားလာခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဆိုတာကိုလည်း အမေရိကန်သံအမတ်ကြီးက အလေးထားပြောကြားခဲ့ပါတယ်။

တိုက်ခိုက်ရေး စစ်သင်္ဘော USS Canberra ကို Australian ကုမ္ပဏီ Austal ကတည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် Australia နိုင်ငံရဲ့ DNA အပြည့်ပါနေတဲ့ စစ်သင်္ဘောကြီး ဖြစ်တယ်လို့ ဒုဝန်ကြီးချုပ် Richard Marles ကလည်း ဖော်ပြပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ Australia ၂ နိုင်ငံဦိးဆောင်ပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံက တပ်ဖွဲ့ဝင် ၃ သောင်းကျော်ပါဝင်မယ့် Talisman Sabre စစ်ရေးလေ့ကျင့်မှုကြီးကို Australia ပိုင်နက်ထဲမှာ ပြုလုပ်နေချိန်မှာ အခုလို အမေရိကန်စစ်သင်္ဘောသစ်ကို ရေချတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG