သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပြင်အတွင်း ကန် နျူကလီယားစွမ်းအင်သုံး ရေငုပ်သင်္ဘောထိခိုက်


 အမေရိကန် USS Connecticut ရေငုပ်သင်္ဘော။
အမေရိကန် USS Connecticut ရေငုပ်သင်္ဘော။

{{{Zawgyi/Unicode}}}

အမေရိကန်ရေတပ်က နျူကလီယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်းက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်း ရေအောက်မှာရှိနေစဉ် ပြီးခဲ့တဲ့လက ကျောက်ဆောင်တခုကို တိုက်မိသွားပြီး ကြီးကြီးမားမား ပျက်စီးသွားခဲ့တယ်လို့ အမေရိကန်ရေတပ်က တနင်္လာနေ့မှာ ပြောပါတယ်။

တရုတ်တို့က သူတို့ပိုင်ဆိုင်ကြောင်းပြောနေတဲ့ ကျွန်းစုလေးတွေ၊ ကျောက်တန်းတွေရှိတဲ့ ရေပိုင်နက်တွေမှာ အမေရိကန်ရေတပ်က ပုံမှန် ကင်းလှည့်လေ့ရှိပြီး အဲဒီလို လုပ်ဆောင်မှုအပေါ် တရုတ်ဘက်က အမျက်ထွက်လေ့ရှိပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့က ထိခိုက်ပျက်စီးသွားတဲ့ ရေငုပ် သင်္ဘော USS Connecticut ဟာ တခြားသင်္ဘောတစင်းနဲ့ တိုက်မိတာမဟုတ်ဘဲ ကျောက်ဆောင် ကို တိုက်မိခဲ့ခြင်းဖြစ်တယ်ဆိုတာ စုံစမ်း တွေ့ရှိခဲ့ကြောင်း ပစိဖိတ်သမုဒ္ဒယအနောက်ပိုင်းဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်ရေတပ် တပ်မဟာ ၇ က ပြောပါတယ်။

အဲဒီလို တိုက်ခိုက်မှုက ရေငုပ်သင်္ဘောပေါ်မှာရှိတဲ့ နျူကလီယားစွမ်းအင် သိုလောင်ထားတဲ့နေရာကို ထိခိုက်မှုမရှိခဲ့ဘူးလို့ အမေရိကန် ရေတပ်က ပြောပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို အမေရိကန်ဘက်က အချိန်မီ ပြောကြားဖို့ ပျက်ကွက်ခဲ့ကြောင်း တရုတ်ဘက်က ဒီကနေ့ စွပ်စွဲ ပြောကြားလိုက်ပြီး ဒီဖြစ်စဉ်မှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်တခုလုံးနီးပါးကို တရုတ်တို့က သူတို့ပိုင်ဆိုင်ကြောင်း ပြောဆိုနေသလိုပဲ ထိုင်ဝမ်အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြတာပါ။

တိုက်ရိုက် လင့်ခ်

==========

{{{Unicode}}}







#USNavy #USNuclearSubmarine #SouthChinaSea #VOABurmese

XS
SM
MD
LG